Local News

ခင်ပွန်းဖြစ်သူက သူမအပေါ်လိမ်လည်ခဲ့လို့ ဒေါသထွက်ပြီး သူတို့အတူစုဆောင်းထားတဲ့ ဒေါ်လာ ၇၀၀၀ ကိုမျိုချခဲ့တဲ့ ဇနီးသည် (ရုပ်သံ)

ခင်ပွန်းဖြစ်သူက သူမအပေါ်လိမ်လည်ခဲ့လို့ ဒေါသထွက်ပြီး သူတို့အတူစုဆောင်းထားတဲ့ ဒေါ်လာ ၇၀၀၀ ကိုမျိုချခဲ့တဲ့ ဇနီးသည် (ရုပ်သံ)

ကိုလံဘီယာနိုင်ငံက ၂၈ နှစ်အရွယ် Sandra Milena Almeida အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းသည်က သူမကိုလိမ်ညာနေတာကို တွေ့ရှိခဲ့ပြီး သူ့ရဲ့သစ္စာမဲ့မှုအပေါ် ဒေါသထွက်ကာ ဇနီးသည်က သူတို့အတူစုဆောင်းထားတဲ့ငွေအားလုံးကိုမျိုးချပြီး ကောင်လေးနဲ့ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

Non-Caucasian only, Young hipster, Millennial generations, Slow motion, love – emotion, communication problems,

သူမဟာ ဒေါ်လာ ၇၀၀၀ ကို မျိုချခဲ့လိုက်တာပါ ။ သူမခင်ပွန်းထွက်ခွာသွားပြီးနောက်သူမပြိုကျခဲ့ပြီး ပြင်းထန်တဲ့အစာအိမ်နာကျင်မှုအတွက် ဆေးရုံကို ပို့ဆောင်ခံခဲ့ရပါတယ် ။ Almeida က သူမဘာလုပ်ခဲ့သလဲဆိုတာ ဆရာဝန်တွေကို မပြောခဲ့ပါဘူး ။ ဆေးရုံဝန်ထမ်းတွေက သူမကို x-ray မှာ packetsအသေးလေးတွေတွေ့ပြီးတဲ့အခါမှာ သူမဟာ တရားမဝင်တဲ့အထုပ်ကို မျိုချခဲ့တဲ့မူးယစ်ရာဇာတစ်ယောက်ဖြစ်မယ်လို့ ပထမဆုံးမှာ ထင်ခဲ့ပါတယ် ။

သူမဟာ ခွဲစိတ်ကုသရန် အလျင်အမြန်ရောက်ရှိခဲ့ပြီး ဆရာဝန်များက သူမရဲ့အစာအိမ်နဲ့ အူအတွင်းရှိ ငွေအမြောက်အများကို တွေ့ခဲ့ရတဲ့အတွက်အံ့အားသင့်နေကြပါတယ် ။ ခွဲစိတ်ကုဆရာဝန်တွေက ဒေါ်လာ ၁၀၀ တန် ၅၀၀ တန်တွေကိုသာ ထုတ်ယူနိုင်ပြီး ကျန်ငွေများကို အစာအိမ်အရည်များမှ ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ် ။

၎င်းအမျိုးသမီးကို ပိုမိုဆိုးရွားစေတာက ခွဲစိတ်ကုသမှုအတွက် ပေးရမယ့်အပြင် ဆေးရုံဝန်ထမ်းတွေကလည်း ၎င်းပိုက်ဆံတွေကိုရဲများထံ လွှဲပြောင်းပေးခဲ့ပါတယ် ။ ဒီကိစ္စကို တရားရုံးမှာအမှုဖွင့်ပြီး ငွေကိုဘယ်လိုခွဲဝေရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ တရားသူကြီးက ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။

crd