ဗဟုသုတ

ကမ်းခြေတွင် ခရီးသွားများ စွန့်ပစ်ထားသည့် အမှိုက်များကို တစ်ဦးတည်း ကောက်ယူသိမ်းပေးနေခဲ့သည့် ကလေးလေး

ကမ်းခြေတွင် ခရီးသွားများ စွန့်ပစ်ထားသည့် အမှိုက်များကို တစ်ဦးတည်း ကောက်ယူသိမ်းပေးနေခဲ့သည့် ကလေးလေး

လူသားတို့၏ စည်းကမ်းမဲ့စွာ နေထိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုတွင် အမှိုက်များသည် ထိပ်ဆုံးနေရာမှ ပါဝင်နေပေသည်။ လူသားတို့အ နေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် အထူးလိုအပ်လှပေသည်။

ယခုတွင်လည်း ဂျပန်နိုင်ငံ Alaminos ကမ်းခြေသို့ အလည်အပတ်သွားလာသူတို့ဟာ အမှိုက်မျိုးစုံကို စည်းကမ်းမဲ့စွာ စွန့်ပစ်ခဲ့ကြပါတယ်။ ထို့ကြောင့်ကလေးငယ်တစ်ဦးဟာ ကမ်းခြေလေးကို အမှိုက်များဖြင့် မပျက်စီးသွားစေရန်အတွက် တစ်ဥိးတည်းအမှိုက်များကို သိမ်းပေးခဲ့တာဖြစ်ပါတယ်။

ကလေးငယ်၏ အပြုအမူကို လိုင်းပေါ်တွင် မြင်တွေ့လိုက်ရသောအခါ ဂျပန်တစ်နိုင်ငံလုံးဟာ ကလေးကို လေးစား ချီးကျူးခဲ့ကြပါတယ်။ ထို့အပြင်ကလေး၏ ငယ် ရွယ်သော်လည်း လေးစားဖွယ်အပြုအမူကြောင့် အားလုံး၏ အချစ်တွေကို ရရှိခဲ့ပါတယ်။