ကိုယ်ဝန်လွယ်ထားတဲ့သခင့်ကို မျက်ခြေမပျက်အမြဲဂရုစိုက်ပြီး ရေချိုးခန်းထဲထိပါ ထိုင်စောင့်ပေးနေခဲ့တဲ့ ခွေးလိမ္မာလေး
Mexico နိုင်ငံရှိ Diz လို့ခေါ်တဲ့ခွေးမလေးဟာ သူ့သခင်အမျိုးသားကိုအရမ်းချစ်ခဲ့ပြီး သခင်ဖြစ်သူလက်ထပ်သွားတော့လည်း Diz ဟာ Brittany Johnson အမည်ရှိတဲ့သူ့အမေအသစ်ကိုလည်း ချစ်ခင်တွယ်တာခဲ့ပါတယ်။ Diz ဟာ သူမအမေနှင့်အမြဲတွဲတွဲရှိနေပြီး Johnson ကိုလုံခြုံမှုရှိစေဖို့ အမြဲတမ်းလိုလားနေခဲ့ပါတယ်။
ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ Diz က ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး သူမအမေနဲ့အတူ အမြဲအတူရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။မကြာသေးခင်က Johnson ရေချိုးနေတုန်း Diz က ရေချိုးခန်းအပြင်ဘက်မှာ ထိုင်လျက်စောင့်နေခဲ့ပါသေးတယ်။
Johnson ဟာ လက်ရှိမှာ ကိုယ်ဝန် ၅ လ ရှိနေပြီဖြစ်ပြီး မကြာခင်မှာ Diz ရဲ့မွေးချင်းအသစ်လေးမွေးဖွားလာတော့မှာပါ။Johnsonရဲ့ကလေးမလာမချင်းကတော့ သူ့အမေကို ၂၄/၇ စောင့်ကြည့်ခြင်းအားဖြင့် Diz က အကောင်းဆုံးအစ်မကြီးတာဝန်ကို လေ့ကျင့်နေပြီးဖြစ်ပါတယ်။
Zawgyi
crd