Local News

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦးအတွက်နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများကချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။သတင်းဖော်ပြချက်အရအိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးဟာလက်ဖြင့်ရေးဆွဲထားတဲ့ဘဏ်ငွေစက္ကူအတုတွေကိုအသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး အဆိုပါအဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။

အဆိုပါအဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေဝယ်စားတတ်ပါသေးတယ်။ဓာတ်ပုံထဲအရ အဆိုပါအိုးအိမ်မဲ့အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့တူအောင် အရောင်စုံပါခြယ်ထားပုံပါဘဲ ။

ခေါက်ဆွဲဆိုင်ပိုင်ရှင်က သူဟာ မသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီး အဆိုပါ ကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့်ခေါက်ဆွဲကိုဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

အခုအဖြစ်အပျက်ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ ၊ သူတို့ဆိုင်ရဲ့စီးပွါးရေး သာယာဝပြောမှုအတွက် ဆန္ဒရှိသူများစွာက ခေါက်ဆွဲဆိုင်ရှင် နဲ့ ဇနီးတို့အား သူတို့ရဲ့ကြင်နာတဲ့လုပ်ရပ်အတွက် ချီးကျူးနေခဲ့ကြပါတယ်။တစ်ကယ်လည်းတစ်ခါတစ်လေသေးငယ်တဲ့ကြင်နာမှုလုပ်ရပ်ဟာဒီလောကကြီးမှာရှိတဲ့ အခြားလူတစ်ယောက်အတွက် ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်ဗျာ။

crd