မြင်သမျှသူစိမ်းတွေကိုလိုက်ဖက်နှုတ်ဆက်တတ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ခွေးလိမ္မာလေး
ခွေးလေးတွေဟာလူတွေအတွက်အကောင်းဆုံးသူငယ်ချင်းလို့ပြောရင်မမှားပါဘူး။ခွေးလေးတွေဟာအဖော်လဲရ၊အပျင်းလဲပြေတယ်ဆိုတာခွေးမွေးသူတိုင်းသိမယ်လို့ထင်ပါတယ်။ယခုဖော်ပြပေးမဲ့ခွေးလေးဟာဆိုရင်လဲသခင်ဖြစ်သူနဲ့အပြင်လမ်းလျှောက်ထွက်တိုင်း၊မြင်သမျှသူစိမ်းတွေကိုလိုက်ဖက်ပီးနှုတ်ဆက်တတ်တာကြောင့်၊ခွေးချစ်သူတွေရဲ့အသည်းကိုဖမ်းစားခဲ့ပါတယ်။
ထိုခွေးလေးကတော့ Loubie လို့ အမည်ပေးထားတဲ့ ၊ golden retriever ခွေးလိမ္မာအမျိုးစားပဲ ဖြစ်ပါတယ် ။ Loubieလေးဟာ သခင်ဖြစ်သူနဲ့ အတူ ၊ ညနေခင်းအပြင်လမ်းလျှောက်ထွက်တိုင်း သူစိမ်းတွေကို ဖက်ပီ းနှုတ်ဆက်တတ်ပီး၊ သူ့ကိုပြန်ဖက်ပေးတာကိုလဲ အလွန်သဘောကျတတ်ပါသေးတယ်လို့သိရပါတယ်။အနီးပတ်ဝန်းကျင်ကလူအများစုကလဲ၊Loubieလေးကိုအချစ်တွေပိုခဲ့ကြပီး၊Loubieလေးကို’The hugging dog’ဆိုပီးချစ်စနိုးနဲ့တင်စားခဲ့ကြပါတယ်။
ယခုအခါမှာတော့ သခင်ဖြစ်သူဟာ၊ Loubie ဆိုတဲ့ နာမည်နဲ့ Instagram acc တခုဖွင့်ထားပေးပါတယ် ။Loubieရဲ့accမှာဆိုရင် followerပေါငး (190k) ပိုင်ဆိုင်ထားပီး၊အများရဲ့အချစ်တော်ခွေးလေးဖြစ်နေခဲ့ပါတယ်။Loubie လေးရဲ့ဘယ်လိုတွေတောင်လူတွေကိုလိုက်ဖက်ပီးနှုတ်ဆက်တတ်လဲဆိုတာကို၊စာဖတ်သူတို့ကြည့်ရှုဖို့အတွက်ယခုလိုပဲမျှဝေပေးလိုက်ပါတယ်နော်။
#5
#6
#7
#8
#9
#10
#11
crd