Local News

သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်လေးတွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး

သံပုရာသီးရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ လမ်းဘေးကြောင်တွေကို အစာဝယ်ကျွေးလေ့ရှိတဲ့ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး

ထိုင်းနိုင်ငံရှိ Loong Dum အမည်ရှိအိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးဟာလမ်းတွေပေါ်မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ရထားဘူတာမှာဘဲအိပ်လေ့ရှိပါတယ်။ Loong Dum ဟာ သူ့ဘဝအခက်အခဲများကြားမှ အတတ်နိုင်ဆုံးရှင်သန်နေထိုင်နိုင်ရန်အတွက် သံပုရာသီးတွေကိုရောင်းချပါတယ်။Loong Dum ဟာ မိမိဝင်ငွေအားလုံးကိုမဖြုန်းဘဲ လမ်းပေါ်ရှိ လေလွင့်နေတဲ့ကြောင်များစွာအတွက် အစားအစာတွေဝယ်ပေးဖို့ သူ့ရဲ့ဝင်ငွေအချို့ကို အသုံးပြုလေ့ရှိပါတယ်။

Loong ဟာ များသောအားဖြင့် ကိုယ့်အတွက်ကို အရင်မတွေးဘဲလမ်းဘေးကြောင်တွေကို အရင်ဆုံးဂရုစိုက်ပေးလေ့ရှိပါတယ်။Loong ဟာဘယ်လိုလူတန်းစားဘဲဖြစ်​နေဖြစ်နေ မည်သူမဆို ကောင်းတဲ့အရာတွေလုပ်နိုင်ကြောင်းကို ကမ္ဘာကြီးအား ပြသခဲ့ပါတယ်။Warunta Wattanasupachoke အမည်ရှိအမျိုးသမီးဟာ သူမရဲ့သံပုရာသီးအချို့ကို ၀ယ်ယူလေ့တဲ့ Loong ရဲ့ဇာတ်ကြောင်းကို online ပေါ် မျှဝေပေးခဲ့ပြီးနောက် လူအများက တိရိစ္ဆာန်တွေအပေါ်ထားတဲ့ Loong ရဲ့ကြင်နာမှုကို သတိပြုမိသွားခဲ့ကြပါတယ်။

Warunta က လူအများအား Loong ရဲ့ သံပုရာသီးတွေကို ၀ယ်ယူအားပေးကြရန် သူမကိုယ်တိုင်ကြိုးပမ်းပေးခဲ့ပြီးနောက် လူအများက Loong နှင့်သူချစ်မြတ်နိုးတဲ့လမ်းဘေးအိမ်မွေးတိရိစ္ဆာန်များအတွက် အစားအစာများစွာကို ထောက်ပံ့ပေးခဲ့ကြသလိုလူတစ်ယောက်ကလည်း Loong ကိုဆံပင်ညှပ်ပေးခဲ့ပါသေးတယ်။

Warunta က Loong ဟာ အိုးမဲ့အိမ်မဲ့ဖြစ်တာကြောင့် ကြမ်းတမ်းတဲ့အသွင်ရှိပေမဲ့လည်း သူ့မှာကြီးမားတဲ့နှလုံးသားတစ်စုံရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

crd