Local News

7 နှစ်အရွယ်ကလေးရဲ့နောက်ဆုံးဈာပနအခမ်းအနားမှာ စူပါဟီးရိုးတစ်ယောက်လို နှုတ်ဆက်ပေးခဲ့ကြတဲ့ ရဲအရာရှိများ

7 နှစ်အရွယ်ကလေးရဲ့နောက်ဆုံးဈာပနအခမ်းအနားမှာ စူပါဟီးရိုးတစ်ယောက်လို နှုတ်ဆက်ပေးခဲ့ကြတဲ့ ရဲအရာရှိများ

အသက် ၇ နှစ်အရွယ် Jesse Heikkila အမည်ရှိကောင်လေးတစ်ဦးဟာ ဦးနှောက်ကင်ဆာရောဂါကိုအချိန်အတော်ကြာတိုက်ခိုက်ခဲ့ရသူဖြစ်ပါတယ်။Jesse ဟာ အမြဲတမ်း စူပါဟီးရိုးတစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဒါမှမဟုတ် အိုလံပစ်ရေကူးသမားတစ်ဦး ဖြစ်ချင်ခဲ့ပါတယ်။

ကံမကောင်းစွာပဲကင်ဆာတိုက်ပွဲမှာကျရှုံးသွားခဲ့တဲ့ Jesseဟာ သူ့ရဲ့ဆန္ဒတွေထဲမှတစ်ခုကိုတောင်ဖြစ်လာအောင်မလုပ်နိုင်ခဲ့ပါဘူး။ကင်ဆာရောဂါဟာ ရက်စက်ကြမ်းကြုတ်ပြီးကျွန်တော်တို့ထံမှလူအမြောက်အများကိုမကြာခဏခေါ်ဆောင်သွားတတ်ပါတယ်။Jesse က စူပါဟီးရိုးတစ်ယောက်အဖြစ် ကြီးပြင်းချင်ခဲ့တဲ့အတွက်ကြောင့် ဒေသခံရဲအရာရှိက Jesse ကို သူ့တပ်ဖွဲ့ရဲ့ဂုဏ်ထူးဆောင်အရာရှိအဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။

ထို့နောက် Bridgewater မှ ရဲဌာနရှိ ရဲအရာရှိများဟာကျရှုံးသွားတဲ့သူတို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ Jesseရဲ့ဈာပနအခမ်းအနားမှာနှုတ်ဆက်စကားပြောကြားပြီး အလေးပြုခဲ့ကြပါတယ်။Jesse ရဲ့ ဦးလေးဖြစ်သူကလည်း Batman အဖြစ် ဝတ်ဆင်ခဲ့ပြီး Jesse အတွက် Star Wars ဂီတဆောင်ပုဒ်မှာ ပါဝင်ပေးခဲ့ပါတယ်။

Bridgewater မှ Dawn Saveryအမည်ရှိအရာရှိဟာ Jesseအတွက် နိုင်ငံတစ်ဝှမ်းရှိအရာရှိများနှင့်ပင်တွေ့ဆုံခဲ့ပြီး စုရုံးပေးခဲ့ပါတယ်။Jesseရဲ့ဈာပနကိုစီတန်းလှည့်လည်နေစဉ်အတွင်း လူများစွာကလည်း Jesse အတွက် စူပါဟီးရိုးတွေလို ဝတ်စားဆင်ယင်ပေးခဲ့ပါတယ်။ဒါက Jesse ကို အကောင်းတကာ့အကောင်းဆုံးနည်းနဲ့မှတ်မိနေစေဖို့အတွက် လှပတဲ့နည်းလမ်းတစ်ခုပါပဲ။

crd