Local News

မြေးဖြစ်သူရဲ့ပညာရေးကို ထောက်ပံ့ဖို့နေအိမ်ကိုရောင်းပြီး သုံးဘီးဆိုင်ကယ်ပေါ်မှာသာ နေထိုင်အသက်ဆက်နေရတဲ့ အဘိုးအို

မြေးဖြစ်သူရဲ့ပညာရေးကို ထောက်ပံ့ဖို့နေအိမ်ကိုရောင်းပြီး သုံးဘီးဆိုင်ကယ်ပေါ်မှာသာ နေထိုင်အသက်ဆက်နေရတဲ့ အဘိုးအို

အိန္နိယနိုင်ငံမှာနေထိုင်တဲ့ Deshraj Jiအမည်ရှိတဲ့အဘိုးအိုဟာမြေးမလေးဆရာမတစ်ယောက်ဖြစ်လာအောင်ပညာရေးထောက်ပံ့ပေးဖို့အတွက် သူ၏ နေအိမ်ကိုရောင်းချပြီး ၊ညဖက်တွေမှာဆိုရင်သုံးဘီးဆိုင်ကယ်ပေါ်မှာသာအိပ်စက်ကာမြေးမလေးရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ပေးနိုင်ဖို့သာ အသက်ဆက်ပြီး ပြုံးပျော်နေခဲ့သူပါ ။

အဘိုးအိုရဲ့ပြောပြချက်အရ ‘ လွန်ခဲ့တဲ့ 6 နှစ်က အကြီးဆုံးသားကနေအိမ်ကနေပျောက်သွားခဲ့တယ် ၊ တစ်ပတ်အကြာလောက်မှ သူ့ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့တာပါ ၊ အဲ့တုန်းက သားကြီးက အသက် 40 အရွယ်ပဲရှိပါသေးတယ် ၊ကျွန်တော့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကသေဆုံးသွားသလိုပါပဲ ၊တာဝန်ယူရမဲ့သူတွေပိုများလာတော့ ငိုကြွေးဝမ်းနည်းနေဖို့အချိန်တွေတောင်မရခဲ့ဘဲ နောက်တစ်ရက်မှာပဲ ကျွန်တော်လမ်းပေါ်ပြန်ရောက်ခဲ့ပြီး သုံးဘီးဆိုင်ကယ်ပြန်မောင်းနေခဲ့ရတာပါ ၊

ကံဆိုးစွာနဲ့ နောက် 2နှစ်အကြာမှာတော့နောက်ထပ်သားတစ်ယောက်ကလည်းကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပြန်ပါတယ် ၊သားနှစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ ဖခင်ရဲ့အဖြစ်က အဆိုးဆုံးပါပဲ ၊ ဒါကြောင့် ဇနီး ၊ ချွေးမ နဲ့ မြေးတွေကို ကျွန်တော်ဆက်ပြီး တာဝန်ယူခဲ့ရပါတယ် ၊ မြေးမလေးက‘အဘိုးသမီးကျောင်းထွက်ရမှာလား ‘ ဆိုပြီး မေးတော့ ကျွန်တော် ‘ မထွက်ရဘူး..နင့်စိတ်ကြိုက် စာသင်ယူလေ့လာလို့ရတယ် ‘ ဆိုပြီး ပြန်ပြောခဲ့ပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

” ကျွန်တော် အချိန်ပိုတွေ ပိုလုပ်ခဲ့ရပြီး မနက် 6 နာရီ အိမ်ကနေထွက်လာပြီး ၊ ညလယ်ခေါင်အထိအလုပ်လုပ်ခဲ့ပါတယ် ၊မြေးမလေးရဲ့ကျောင်းစရိတ်အတွက်ပိုတဲ့ငွေတွေကိုတော့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် အသုံးပြုခဲ့ပါတယ် ၊ ထမင်းနပ်မမှန်တာတွေရှိလာတော့ ဇနီးဖြစ်သူက ကျန်းမာရေးဆိုးဝါးလာခဲ့ပါတယ် ၊

အဲ့တော့ တစ်အိမ်ဝင် တစ်အိမ်ထွက် ဇနီးရဲ့ဆေးဖိုးအတွက် ငွေချေးငှါးခဲ့ရပါတယ် ၊မြေးမလေးကဆရာမဖြစ်ချင်တယ်ပြောတော့ကျွန်တော်အိမ်ကိုရောင်းပြီး ဇနီး ၊ ချွေးမ နဲ့ အခြားမြေးတွေကို ရွာကအမျိုးအိမ်တွေဆီပို့ခဲ့ပါတယ် ၊ ကျွန်တော်ကတော့ မြို့မှာဆက်နေပြီး ညဖက် သုံးဘီးဆိုင်ကယ်လေးမှာသာအိပ်စက်ခဲ့ပါတယ် ၊ ထိုင်ရလွန်းလို့ ခြေထောက်တွေနာလာတဲ့အချိန်မျိုးမှာ မြေးမလေးက အခန်းထဲမှာအဆင့်ထိပ်ဆုံးလို့ ဖုန်းလှမ်းဆက်လာရင်ပင်ပန်းနာကျင်မှုတွေအကုန်ပျောက်သွားတယ် ‘ ဆိုပြီး ပြောပြခဲ့ပါသေးတယ် ။

အဘိုးအိုရဲ့အဖြစ်ဟာအင်တာနက်ပေါ်မှာအတော့်ကိုလူသိများလာခဲ့ပြီးနောက်စေတနာရှင်တွေကpageလေးထောင်ပေးကာအဘိုးအို နဲ့မြေးမလေးအတွက် လှူဒါန်းငွေတွေ ကောက်ခံပေးခဲ့ပါတယ် ။ လက်ရှိအချိန်မှာတော့ လှူဒါန်းငွေ 2.4 million Rs(မြန်မာငွေ သိန်းလေးရာကျော်အထိ)ရရှိသွားခဲ့လို့ အဘိုးအိုဟာ မြေးမလေးရဲ့ ပညာရေးအတွက် စိတ်ပူစရာအဖြစ်မျိုးမရှိတော့ကြောင်း သိရှိရပါတယ် ။ မြေးမလေးသာ ဆရာမဖြစ်မယ်ဆိုရင် ဆွေးမျိုးတွေထဲမှာ ပထမဆုံးပညာတက်မို့ အတော့်ကိုဂုဏ်ယူရမှာဖြစ်ကြောင်း အဘိုးအိုကပြောပြခဲ့ပါတယ် ။

crd