Local News

တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာတွယ်နေကြတဲ့ ဧရာမအရပ်အမြင့်အမျိုးသား နဲ့ အလွန်ကိုသေးငယ်လွန်တဲ့ ခန္ဓကိုယ်နဲ့ အမျိုးသမီး(

တစ်ဦးနဲ့တစ်ဦး ချစ်မေတ္တာတွယ်နေကြတဲ့ ဧရာမအရပ်အမြင့်အမျိုးသား နဲ့ အလွန်ကိုသေးငယ်လွန်တဲ့ ခန္ဓကိုယ်နဲ့ အမျိုးသမီး

ဘရာဇီးနိုင်ငံက “ နူးညံ့သိမ်မွေ့တဲ့ဧရာမ” လို့ လူသိများတဲ့ Joelison Fernandes da Silva ဟာ အရပ်အမြင့် ၇ ‘၈ အထိ ကြီးထွားခဲ့ပါတယ်။ယနေ့မှာ ၂၈ နှစ်အရွယ် Joelison ဟာ ၂၁ နှစ်အရွယ် အရပ် ၅ ပေသာရှိတဲ့ Evem Medeiros နဲ့ ပျော်ရွှင်စွာလက်ထပ်ခဲ့ကြပါတယ်။

ကြီးမားတဲ့ အရပ်အမြင့်ကွာခြားချက်က သူတို့နှစ်ဦးအတွက် အရေးကြီးကြောင့် ပြောဆိုခဲ့ပါတယ်။ အစကသူတို့နှစ်ဦးဟာ ထိုအမျိုးသားက အရပ်အလွန်မြင့်တာကြောင့် ကျော်ကြားလာခဲ့တဲ့အခါမှာ Evem Medeiros က Joelison ကို ချစ်ခင်ကြင်နာတဲ့ ပရိတ်သတ်တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။Joelison က သူမနဲ့ တွေ့ဆုံတဲ့အခါ သူဟာ ချက်ချင်းပင် သူမကို ချစ်မြတ်နိုးသွားပြီး ထိုနေ့မှာဘဲ သူတို့ ၂၄ နာရီလုံး ဖုန်းပြောခဲ့ပါတယ်။ သူတို့ဟာ မကြာခင်မှာခွဲလို့မရတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်တွေ့ပြီး တစ်နှစ်အကြာမှာ လက်ထပ်လိုက်ကြပါတယ်။

နောက်ပြီး Joelison ရဲ့ အဖြစ်အပျက်လို အခြေအနေမျိုးဟာ pituitary glands မှ ပြုလုပ်တဲ့ကြီးထွားမှုဟော်မုန်းတွေပိုမိုထုတ်လုပ်ခြင်းကြောင့်ဖြစ်ပါတယ်။ အရပ်အလွန်ရှည်လျားတဲ့ သူတွေအများစုက ၇ ပေမှ ၉ ပေအထိ ကြီးထွားနိုင်ပါတယ်။ သို့ပေမဲ့ ထိုအခြေအနေမျိုးကို ကြုံတွေနိုင်တဲ့လူတွေ မရှိသလောက်ရှားပါတယ်။

Zawgyi





crd