News

“သူ့လို မဖြစ်စေဖို့ လုံးဝ လုံးဝ spicy မစားကြပါနဲ့” ဆိုတဲ့ ကောင်မလေး

Operation ချောချောမွတ်မွတ်နဲ့ပြီးဆုံးသွားပါပြီ။

မခွဲစိတ်ခင် အားပေးစကားလာပြောပေးတဲ့ သူငယ်ချင်းကိုတကယ် ကျေးဇူးတင်ပါတယ်။

ထုံဆေးရော မေ့ဆေး အရှိန်ကြောင့် ဘာမှမပြောခဲ့ချ်န်မှာ သတိမလစ်ရအောက် အမေ ကိုဘဲဆက်တိုက်ခေါ်နေမိတာ။ တကယ်ခေါ်နေတာလားဆိုတလဲ မသိဘူး မသိစိတ်ကအဲ့လိုဖြစ်နေတာ နိုးတော့ အမေက ပြန်ပြောရှာတယ်။

ကောင်လေးကလဲ လက်မလွှတ်ဘဲ ဘေးနားကနေ ရင်တမမနဲ့ နှိုးလိုက် လက်ကိုင်လိုက်နဲ့ အဲ့တာကြောင့်အသိစိတ်ပြန်ဝင်လာတယ်။ အမက video call နဲ့ ငိုနေရှာတာ ကိုယ်တော့မသိဘူး အမေ ပြောပြတာ။

လုံးဝ လုံးဝ spicy မစားကြပါနဲ့။ ဇူးအွန်ကတော့ နာနာချင်း ဆေးရုံရောက်သွားတာလို့ မဟုတ်ရင် အသက်တောင်အာမ မခံဘူးတဲ့။ ဒါတောင် အူအတက်ကအပြည်တွေ အူမကြီးဆီ ရောက်သွားလို့ နှစ်ခုလုံးခွဲလိုက်ရတယ်။

အစားဆင်ခြင်ကြပါ။ စားကောင်းတာ တချက်ဘဲ ခံစားရတာ နှစ်ဆနော်။ ကို့ခမြာ နာလွန်းလို့သေခါနီးဘဲ။

ပိုးသတ်ဆေး အလုံး 20 လောက်ရှိပြီး ဆေးအရှိန်ကြောင့်စကားတောင် ပြောမနိုင်ဘူး။ မျက်နှာကြီးလဲဖောယောင်နေတာ။​

Edit-2 ထုပ်ဘဲစားမိတာ ဒါတောင်ထမင်းများများရောစားထားတာ။ လုံးဝ အန္တရာယ်ပါ

Zueoun Lamin