ဗဟုသုတ

၃ရက်ကြာပျောက်ဆုံးသွားသည့် ခွေးကလေးကို ပြန်တွေ့လိုက်ရသောအခါ ယူကျုံးမရဖက်ကာ အားရပါးရငိုနေခဲ့သည့် အဖိုးအို

၃ရက်ကြာပျောက်ဆုံးသွားသည့် ခွေးကလေးကို ပြန်တွေ့လိုက်ရသောအခါ ယူကျုံးမရဖက်ကာ အားရပါးငိုနေခဲ့သည့် အဖိုးအို

အိမ်မွေးတိရိစ္ဆာန်လေးတို့သည်လည်း လူသားတို့၏ မိသားစုဝင်များပင် ဖြစ်ကြပေသည်။လူသားတိုင်းတွင် ကြင်နာတတ်သော နှလုံးသားလေးများရှိကြပြီး မိမိအိမ်တွင် မွေးမြူထားသော တိရိစ္ဆာန်လေးတွေကို မောင်နှမသဖွယ် ပြုစုစောင့်ရှောင့်တတ်ကြပေသည်။

ယခုတွင်လည်း အဖိုးအိုတစ်ဦးသည် သူ၏နေအိမ်တွင် မွေးမြူထားသော ခွေးကလေးဟာ ပျောက်ဆုံးသွားခဲ့ရပါတယ်။ အဖိုးဟာ အိမ်အပြင်သို့ သွားရောက်စဥ် ခွေးကလေးကို နေအိမ်တွင် ထားခဲ့ပြီး ပြန်လာချိန်တွင် မတွေ့ခဲ့ရတော့တာဖြစ်ပါတယ်။

အဖိုးဟာ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းကာ ရှာဖွေခဲ့သော်လည်း ခွေးကလေးကို ပြန်မတွေ့ရသည့်အတွက် မစားနိုင်မသောက်နိုင်ဖြစ်နေခဲ့ရပါတယ်။သို့သော်လည်း ၃ရက်လောက်ကြာသည့်အခါတွင် ခွေးကလေးဟာ နေအိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။ထိုအခါအဖိုးအိုဟာ ခွေးကလေးကို မြင်လိုက်သည်နှင့် အပြေးအလွှားဖတ်ကာ ငိုနေခဲ့ပါတော့တယ်။

crd