ဗဟုသုတ

လူရှိန်အောင် ကားတစ်စီးလုံးကို ဒင်္ဂါးပြားအပြည့်ကွပ်ထားတဲ့ ကားပိုင်ရှင်

လူတော်တော်များများက ကိုယ့်ရဲ့ကိုယ်ပိုင်အိမ်စီးကားကို အလှဆင်မွမ်းမံရတာကြိုက်နှစ်သက်ကြပါတယ် ။တစ်ချို့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ၊ မင်းသမီးတွေဆို သူတို့ရဲ့ကားတစ်စီးလုံးကို ရွှေ ၊ ငွေကွပ်ထားတတ်ကြတာကိုတွေ့ဖူးကြမှာပါ။သို့ပေမဲ့ အခုဖော်ပြပေးမဲ့ကားပိုင်ရှင်ကတော့အကြံတစ်မျိုးကောင်းနေပါတယ်။

သူ့ကားက နည်းနည်းဝေးဝေးကနေ လှမ်းကြည့်လိုက်ရင် လူရှိန်သွားချင်စရာကောင်းအောင် ကားတစ်စီးလုံးကို စိန်တွေနဲ့စီထားပုံ ထင်ရပေမဲ့ တစ်ကယ်တမ်း အနီးကပ်သွားကြည့်လိုက်ရင်တော့ စိန်မဟုတ်ဘဲဒင်္ဂါးပြားစေ့ချည်းတွေ ဖြစ်နေပါတယ် ။ကားခေါင်းရှေ့ကတံဆိပ်ကိုလည်း ဒင်္ဂါးပြားစေ့အကုန်ကပ်ထားပါသေးတယ်။

ကားတစ်စီးလုံးအပြီးအစီးကပ်နိုင်ဖို့ အချိန်တော်တော်လည်း ပေးခဲ့ရပုံပါဘဲ။ သူ့အကြံကကောင်းလွန်းလို့ scial media မှာ လူပြောများနေလျက်ရှိပါတယ် ။ သူ့အကြံကတော့ အရမ်းမိုက်တယ်လို့ဘဲ ပြောရမလိုပါဘဲလေ။

crd