Local News

သူစိမ်းက အစာလာကျွေးလို့ ဝမ်းသာမျက်ရည်ကျသွားခဲ့တဲ့ လမ်းဘေးခွေးလေး(ရုပ်သံ)

အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံမြောက်ပိုင်း Shanxi ပြည်နယ် Jinzhong လမ်းပေါ်ရှိ လေလွင့်နေတဲ့ ခွေးလေးတစ်ကောင်အား သူမ ဝက်အူချောင်းအချို့ကို လက်ကမ်းပေးလိုက်တော့ ခွေးလေးဟာ မျက်ရည်စများဖြင့် ရှေ့ခြေထောက်ကိုထောင်ပြီးအစာတောင်းနေခဲ့တဲ့နှလုံးကြေကွဲဖွယ်ဗီဒီယိုတစ်ခုကိုမျှဝေခဲ့ပါတယ်။

”ကျွန်မနဲ့ ကျွန်မသူငယ်ချင်းတွေက ပန်းခြံတစ်ခုဆီလမ်းလျှောက်သွားနေတုန်းလမ်းပေါ်မှာလေလွင့်နေတဲ့အဲ့ဒီခွေးလေးကိုတွေ့ခဲ့တယ်၊ကျွန်မတို့သူ့ကို အစာကျွေးတော့ သူ ချက်ချင်း ငိုချတော့တာပဲ ၊ ကျွန်မ ခွေးလေးကိုကားပေါ်တင်ဖို့ကြိုးစားခဲ့ပေမဲ့လည်း သူက ကျွန်မလက်ထဲကနေ ခုန်ထွက်သွားခဲ့တယ် ပြီးကျ့ လမ်းပေါ်လျှောက်သွားနေခဲ့တယ်” လို့ အဆိုပါအမျိုးသမီးက ပြောပြခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးက ခွေးလေး ခွေးတွေလိုက်ဖမ်းတဲ့လူတွေလက်ထံရောက်သွားမှာကိုစိုးရိမ်တာကြောင့်ပန်းခြံသို့ဒုတိယအကြိမ်ပြန်သွားပြီးခွေးလေးကို ဂရုတစိုက် အစာကျွေးနေခဲ့ပါတယ်။”မနေ့က ကျွန်မ သူ့ကို ပြန်သွားရှာခဲ့ပေမဲ့ သူ့ကို မတွေ့ခဲ့ဘူး ၊ နောက်ရက်မှဘဲ လမ်းပေါ်က သန့်ရှင်းရေးသမားကို မေးကြည့်လိုက်မယ်” လို့ ဆိုရင်း ဗီဒီယိုကို မျှဝေခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဟာOnlineမှာမျှဝေပြီးနောက်လူအများဆီကနေအံ့ဩဖို့ကောင်းတဲ့တုံ့ပြန်မှုများစွာရရှိခဲ့ပြီး ”ခွေးလေးကို အလစ်သုတ်သမားတွေ မဖမ်းမိစေဖို့ မျှော် လင့်တယ် “၊“ဒီခွေးမှာ နူးညံတဲ့မျက်လုံးအစုံရှိတယ် ၊ကျေးဇူးပြုပြီး သူထိခိုက်ဒဏ်ရာမရပါစေနဲ့ ” စတဲ့ ခွေးလေးအတွက် စိတ်ပူစွာ မှတ်ချက်များစွာလည်း ပေးခဲ့ကြပါသေးတယ်။

crd