News

“အိပ်ရာထဲလဲနေတဲ့ ဖခင် နှင့် တကိုယ်လုံးဖောယောင်နေတဲ့ မိခင်ကို ချက်ပြုတ်ကျွေးမွေးနေတဲ့ (၁၀)နှစ်သမီးလေးရဲ့ မိသားစုအိမ်လေး”

အကူညီတောင်းခံလာလို့ ​တင်ပြခြင်းဖြစ်ပါတယ်။

ငယ်ရွယ်သေးတဲ့ သားသမီး ၃ဦးရှိတဲ့ ယာခမ်းဆာဟာ တစ်ကိုယ်လုံး ယောင်ယမ်းပြီးဖောလာလို့ ဆေးကုသမှုလိုအပ်နေတယ်လို့ တာဝန်ကျ ကိုယ်ထူကိုယ်ထကျောင်းဆရာက ပြောလာပါတယ်။

အိမ်မှာက အသက်၈၀ ကျော် အဘွားအိုတစ်ဦးနဲ့ အသားဝါ ရောဂါနဲ့ အိပ်ယာထဲလှဲနေတဲ့ ယောက်ကျားဖြစ်သူလည်း ရှိတယ်လို့ ဆိုပါတယ်။

အခုတော့ သူတို့အားလုံးကို အသက် ၁၀နှစ်အရွယ် အကြီးဆုံးသမီးဖြစ်သူက ချက်ပြုတ်ကျွေးမွေးထားတယ်လို့ ပြောလာပါတယ်။

အဓိက အကူညီတောင်းလာတာက ယောင်ယမ်းဖောလာတဲ့ ယာခမ်းဆာကို ဆေးကုသပေးချင်လို့ဖြစ်ပါတယ်။ ယာခမ်းဆာတစ်ခုခုဖြစ်သွားရင် ငယ်ရွယ်သေးတဲ့ သားသမီး ၃ယောက်အတွက် ခိုရာမဲ့ဖြစ်မှာဆိုးလို့ဆိုပြီး ပြောလာပါတယ်။

နေရာကတော့ ရှမ်းတောင် ကာလိမြို့နယ်ခွဲ လုပ်ခိုက်(လွယ်ဆိုင်)ကျေးရွာဖြစ်ပါတယ်။ နီးစပ်သူတွေ ဝိုင်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Mai A Naing

ကူညီချင်တယ်ဆိုရင် ယခုဖော်ပြထားတဲ့ မူရင်း Post ပိုင်ရှင် Mai A Naing ကို ဆက်သွယ်ပါပေးပါဗျ