News

“ကိုဗစ်တတိယလှိုင်းကို သူတို့ကိုင်တွယ်ပုံ နိုင်ငံတကာနှင့် INGO များပင် အံ့သြမှင်သက်သွား ဟု ဒု- ချုပ် စိုးဝင်း ပြော”

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ကိုဗစ်တတိယလှိုင်းအား အကောင်းဆုံးကိုင်တွယ်ထိန်းချုပ်နိုင်သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့သြမှင်သက်ခဲ့ရသည်ဟု ကယားပြည်နယ်၊ ဘောလခဲမြို့သို့ရောက်ရှိစဉ် နယ်ခံမြို့မိ၊မြို့ဖများအား ပြောသည်။

တတိယလှိုင်းကာလအတွင်း အောက်စီဂျင်လိုအပ်ချက်ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေး များကို အချိန်မီရရှိ အောင်ဆောင်ရွက်ခြင်းတို့ဖြင့် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့ဩမှင်သက်ကြရသည်အထိ ဖြစ်ခဲ့ရသည်ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စိုးဝင်း က ပြောသည်။

စစ်ကောင်စီအဖွဲ့ရပ်တည်မှု မရနိုင်ရန်အတွက် ပြည်ပနိုင်ငံကြီးတချို့နှင့် ပူးပေါင်းပြီး ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေးယိုင်လဲရန် လုပ်ဆောင်မှုများအား ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ခဲ့သည်ဟု ဒုချုပ် စိုးဝင်း က ဘောလခဲမြို့ခံများအား ကြွားလုံးထုတ်သည်။

ကယားပြည်နယ်သို့ရောက်ရှိနေသည့် ဒုတပ်ချုပ်စိုးဝင်းသည် ဘာသာရေးအဖွဲ့များ၊ မြို့မိမြို့ဖများ၊ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများနှင့် တွေ့ဆုံခဲ့ပြီး သူရောက်ရှိစဉ် လုံခြုံရေးအထူးတင်းကျပ်ခဲ့သည်။

#MeKongNews