ဗဟုသုတ
ဗိုက်ဆာနေတဲ့ခွေလေးကို ကာကွယ်စောင့်ရှောက်ပြီးအစာကျွေးနေတဲ့မျောက်မလေး
ထိုမျောက်မလေးက အန္တရာယ်ရှိတဲ့နေရာတွေကနေ ခွေးလေးကိုခေါ်ဆောင်ပြီး ကာကွယ်စောင့်ရှောက်ကာ အစာကျွေးတယ်။
ခွေးပေါင်းများစွာ လူတွေဆီကစွန့်ပစ်ခံရပြီး လမ်းဘေးမှာပဲသေဆုံးနေရပါတယ်။ ထိုတိရစ္ဆာန်လေးတွေဟာ ဆာလောင်မွတ်သိပ်မှုကြောင့်(သို့) ဘီးနဲ့ကျိတ်ခံရလို့သေဆုံးရတာတွေရှိပါတယ်။ သူတို့ဘာပဲဖြစ်ဖြစ် ဘယ်သူမှမဂရုမစိုက်ဘူး။
ဒီမျောက်က အိန္ဒိယ၊Rode မှဖြစ်ပြီး ဆာလောင်နေတဲ့ခွေးလေးကိုမွေးစားလိုက်တယ်။ခွေးလေးကိုအစာကျွေးပြီး နေ့တိုင်း စောင့်ရှောက်ပေးတယ်။ အခုခေတ်မှာ လူတွေထက် တိရစ္ဆာန်တွေက ပိုကောင်းနေပြီလား??
သူသွားသမျှနေရာတိုင်း ခွေးလေးကိုခေါ်သွားတယ်။လူများတဲ့နေရာတွေဆို ခွေးလေးကိုအစာမကျွေးဘူး။ခွေးလေးကိုနေရာတိုင်းခေါ်သွားသလိုမျောက်သဘာဝအရပုံမှန်ညာဉ်လေးတွေက ရှိနေပါသေးတယ်။သစ်ပင် တစ်ပင်နဲ့တစ်ပင်ကို ခုန်ပျံကျော်လွှားနေတာပါပဲ။
အစာစားတဲ့အခါ ခွေးလေးကို်အရင်ကျွေးပြီး ကျန်တာကိုသူစားပါတယ်။ ထိုမျာက် ခွေးလေးအပေါ်ထားတဲ့မေတ္တာတရားဟာတကယ့်မိဘတေတွအတိုင်းပဲမို့ အ လွန်အံ့သြမှင်သက်ရပါတယ််။ လူသားတွေ ဒီဖြစ်စဉ်လေးကိုကြည့်ပြီး တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုကိုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Zawgyi
crd