Local News

သရေစာတွေ ၊ လက်ဆောင်တွေပါ အခမဲ့ပေးပြီး ဝန်ဆောင်မှုကောင်းလွန်းတဲ့ တက္ကစီကားဆရာ ရဲ့ ကျော်ကြားမှု

သရေစာတွေ ၊ လက်ဆောင်တွေပါ အခမဲ့ပေးပြီး ဝန်ဆောင်မှုကောင်းလွန်းတဲ့ တက္ကစီကားဆရာ ရဲ့ ကျော်ကြားမှု

ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက တက္ကစီကားဆရာကတော့ Customer တွေကို လက်ဆောင်တွေ ၊ သရေစာတွေပါ အခမဲ့ပေးတဲ့ဝန်ဆောင်မှုတွေကြောင့် online ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Tatchatan Teerbawonwi အမည်နဲ့ Facebookအသုံးပြုသူကဝေမျှပေးခဲ့တာဖြစ်ပြီး ၊ ကားထဲမှာဆိုရင် သရေစာ ၊ ဖျော်ရည် ၊ mask ၊ အိတ် နဲ့ မိုးရွာရင် အသုံးပြုဖို့ မိုးကာအင်္ကျီတွေပါ ပါရှိသေးကြောင်း သိရပါတယ် ။

ဒါ့အပြင် ကားဆရာက customer တွေကို နာမည်ကတ်တွေပါပေးထားလို့ ဖောက်သည်တွေအတော်လေးရှိနေမှန်း ခန့်မှန်းနိုင်ပါတယ် ။ ကားရဲ့လိုင်စင်နံပတ်ပြားကိုလည်း Customer တွေမှတ်မိလွယ်အောင် မြင်သာတဲ့နေရာတွေမှာ ကပ်ထားသေးကြောင်းသိရပါတယ် ။သရေစာတွေအစရှိတဲ့ဝန်ဆောင်မှုတွေပေးရတာဟာ ကားဆရာအတွက် မပင်ပန်းပေမဲ့လည်း ၊ Customer တွေကို ဆက်ဆံတဲ့ပုံစံက အရမ်းကိုယဉ်ကျေးပြီး ဖော်ရွေနေသေးကြောင်းလည်း သိရပါတယ် ။

Zawgyi




crd