News

” ကိုယ့်ထက်အသက်အများကြီးကြီးတဲ့သူကိုချစ်မိတာနဲ့ ငွေမက်လို့ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်အတွေးတွေအရင်ပြင်လိုက်ကြပါ” ဆိုတဲ့ ကောင်မလေး

(လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီး ဝေဖန်နေကြတဲ့သူတစ်ချို့ကိုပြောချင်တယ်🙂)

ကိုယ့်ထက်အသက်အများကြီးကြီးတဲ့သူကိုချစ်မိတာနဲ့ ငွေမက်လို့ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်အတွေးတွေအရင်ပြင်လိုက်ကြပါ ☺️

ကျမတို့နှစ်ယောက်ရဲ့ အကြောင်းကို ကျမတို့နှစ်ယောက်သာအသိဆုံးပါ ☺️ ဦးကိုစသိတဲ့အချိန်က ပေါ့

သူအင်ဂျင်နီယာဆိုတာလည်းမသိဘူး စင်ကာပူမှာ ဘွဲ့လွန်တတ်ပြီး အင်ဂျင်နီယာဘွဲ့ယူထားတယ်ဆိုတာလည်းမသိဘူး

သူကိုစသိတဲ့အချိန်က ကိုယ့်လိုပဲ သာမနိနိုင်ငံခြားမှာအလုပ်လာလုပ်နေတဲ့ သာမန်လူတယောက်လို့ပဲထင်ခဲ့တာ သူနဲ့စချစ်တဲ့နေ့ကစပြီး၁နှစ်ခွဲအထိ သူဘာအလုပ်လုပ်တယ် လစာဘယ်လောက်ရလဲ တစ်ခါမှမမေးဖူးဘူး သူကိုယ်တိုင်လည်းတခါမှမပြောဘူး (သူကိုယ်တိုင်က ပိုက်ဆံမရှိတဲ့ပုံစံနဲ့ကိုယ်စီးချဉ်းကပ်ခဲ့တာ )

(တစ်နည်းအားဖြင့် ကိုယ့်စိတ်ကိုစမ်းသပ်တာပေါ့☺️) သူလိုအပ်တဲ့ငွေတွေကိုယ် ထုတ်ပေးခဲ့တယ် မြန်မာငွေနဲ့ဆို သိန်း၅၀ပေါ့ သူကိုထုတ်ချေးခဲ့တယ်( သူအဲထက်မကလည်းအခုပြန်ပေးပါတယ်)

သူနဲ့ချစ်သူသက်တမ်း၂နှစ်ပြည့်မှ စင်ကာပူမှာ PR pass နဲ့အင်ဂျင်နီယာလုပ်တယ်ဆိုတာ သူပြောမှသိခဲ့တာ ပြောချင်တာက သူရဲ့ဂုဏ်ပကာန ငွေကြေးတွေမက်ခဲ့လို့ချစ်ခဲ့တာမဟုတ်ပါ☺️ ကိုယ့်ကိုမိဘတယောက်လိုသွန်သင်ဆုံးမပေးသလို သူငယ်ချင်းလို ချစ်သူလို ၁၅၀၀+၅၂၈နဲ့နွေးထွေးတဲ့မေတ္တာတရားစစ်ကိုဦးဆီကရခဲ့တယ်လေ😍

ကိုယ့်ဘက်ကအမြဲစိတ်ကောက် ရန်ဖြစ်တိုင်းပြတ်ပြီပြောပြီတကယ်တမ်းမပြတ်နိုင်ကျဘူး ကိုယ့်အပေါ်မိဘတောင်သည်းမခံနိုင်တဲ့အရာတွေ သူကိုယ့်အပေါ်သည်းခံပေးခဲ့တယ်လေ သူကြောင့်လိမ္မာလာတာ🙆‍♀️

အပေါယံကြည့်ပြီးပြောနေတဲ့သူတွေ ကိုတခုပဲပြောလိုက်မယ် သူများအကြောင်းမသိပဲမဝေဖန်ကြပါနဲ့☺️☺️

ဝဠ်လည်တတ်တယ်🙂

( Kyaw&Khin💏)