News

“ထမနဲ ထိုးပွဲအပြီး မုန့်ဟင်းခါးပါ ဆက်ချက်လိုက်ရတဲ့. . . မကွေးမြို့စွန် မြသလွန် ဘုရားပေါ်က ရဲအချင်းချင်း ပစ်ခတ်မှု”

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၂ ရက်

မကွေးတိုင်း၊ မကွေးမြို့၊ မြသလွန်ဘုရားတွင် ယမန် နေ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း ၉နာရီခွဲဝန်းကျင်က လုံခြုံ ရေးရဲအချင်းချင်း စကားများရန်ဖြစ်၍ သေနတ်ဖြင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရဲတပ်သားအချင်းချင်းစကားများရန်ဖြစ်ရာမှ ရဲတပ်သားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဝင်ရောက်ဆူပူကြိမ်း မောင်းသည့် ဒုရဲအုပ်အရာရှိပါ ထပ်မံပစ်ခတ်ခံခဲ့ရသဖြင့် ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ခါတိုင်းဆိုရင်တော့ ဘုရားမှာရဲလုံခြုံရေးမရှိဘူး။ ဖြစ်တာကဘုရားမုဒ်ဦးအဝင်မှာ။မနေ့ကဌာနဆိုင်ရာဝန် ထမ်း တွေ ဘုရားမှာ ထမနဲထိုးပွဲလုပ်တာကို လုံခြုံရေးလာစောင့်ပေးတဲ့ရဲတွေ။ စဖြစ်တာက ရဲတပ်သားအချင်းချင်းဖြစ်တာ။ ဖြစ်တော့ တယောက်ကသေနတ်နဲ့ပစ်လိုက်လို့သေသွားတယ်။ အဲ့ဒါကို ဒုရဲအုပ်ကဝင်ပြီးပြောတာ သူ့ပါ ထပ်ပစ်လိုက်တာ။ ” မကွေးမြို့ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် ရဲများမှာ မကွေးမြို့ အမှတ် (၂၅) လုံခြုံရေးရဲတပ်ရင်းမှရဲတပ်ဖွဲ့ဝင်များဟု သိရပြီး ပစ်ခတ် သည့် ရဲတပ်သားမှာ ထွက်မပြေးဘဲ ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဘုရားအနီးရှိစျေးဆိုင်များလည်း ပိတ်သိမ်းပြီး အသံတိတ်သွားကြောင်း ဒေသခံများထံကသိရသည်။

#မကွေး #မြသလွန် #ရဲအချင်းချင်း #ပစ်ခတ်မှုဖြစ်

#AyeyarwaddyTimes