Uncategorized

“စားပြီး နားမလည် လုပ်သွားတဲ့ ယောက်ကျားကြောင့် ရှင်ကွဲ ကွဲရတဲ့ သားအမိ”

လောကဓံရိုက်ချက်များစွာနဲ့ မိခင်ကိုယ်တိုင် ရင်နင့်စွာ လာပို့တဲ့ (၇)ရက်သားလေးကို ကျွန်တော်တို့ မြဆည်းဆာမှ တာဝန်ယူမွေးစားလိုက်ပြန်ပါပြီး

လောကကြီးကတော့ တချို့သော သူတွေအတွက်တော့ရက်စက်လွန်းလှပါတယ်။ ဒီတခါလဲ မိခင်ရဲ့ အရူးမီးဝိုင်း ရင်နင့်စရာ ဘဝကောက်ကြောင်းနဲ့အတူ (၇)ရက်သားယောင်္ကျားလေး ကျွန်တော်တို့ဆီ ရောက်လာပြန်တော့ မြဆည်းဆာရဲ့ရင်ခွင်မှာ ထာဝရနားခိုခွှင့် ပြုလိုက်ပြန်ပါပြီး။

ဖြစ်စဉ်လေးကတော့ စိတ်မကောင်းစရာပါ။

မိခင်က တနယ်တကျေးမှ ရန်ကုန်မြို့မှာ အလုပ်လာလုပ်တယ်။ ရန်ကုန်မှာပဲ တွေ့ရတဲ့ ယောင်္ကျားတယောက်နဲ့နှစ်ဦးသဘောတူ ပေါင်းသင်းကြတာပေါ့။

ဒါပေမဲ့ ကိုယ်ဝန်ရလာတော့ ယောင်္ကျားဖြစ်သူက အလုပ်သွားလုပ်မယ်ဆိုပြီး ပြောပြီးထွက်သွားလိုက်တာပြန်ကို မရောက်လာတော့ပါဘူး။

မိခင်ကတော့ ကလေးမွေးခါနီးလေ အရူးမီးဝိုင်းလေပေါ့။ကလေးအတွက် ခေါ်စရာဖခင်ကမရှိ။ ဒီလိုအဖြစ်အပျက်တွေကို မိခင်ရဲ့ ရွာက မိဘဆွေမျိုးအသိုင်းအဝိုင်းကလဲသိလို့မဖြစ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

ဒီအဖြစ်အပျက်တွေကို သိမြင်နေရတဲ့ သူတွေက မိခင်ကိုကလေးမွေးဖွားဖို့ အားအင်တွေပေး။ ရအောင်မွေး။ မစွန့်ပစ်နဲ့။ ဟိုပေးဒီပေးလိုက်မပေးနဲ့။မွေးပြီးလို့ အဆင်မပြေရင် သူတို့ Online ပေါ်မှာတွေ့နေရတဲ့ မော်လမြိုင်က မြဆည်းဆာ ဘိုးဘွားရိပ်သာနဲ့မိဘမဲ့ဂေဟာရှိတယ်။

အကျိုးတော်ဆောင် ကိုဇင်မိုး တို့ရဲ့အဖွဲ့တွေရှိတယ်။ အကူအညီတောင်းပေးမယ်ဆိုပြီး ဆက်သွယ်လာကြတာပါ။

ကျွန်တော်လဲ အကျိုးအကြောင်းကို မြဆည်းဆာဆရာတော်အရှင်နရိန္ဒကို လျှောက်ထားပြီး ကလေးကို တသက်တာလုံးတာဝန်ယူ မွေးစားပေးဖို့အတွက် ဆက်သွယ်ခေါ်ယူခဲ့ရပါတယ်။

နောက်ဆုံးတော့ ကလေးမွေးဖွားပြီး (၇)ရက်အကြာမှာမိခင်နဲ့ ကလေး ကျွန်တော့်အိမ် ရောက်လာတာပေါ့။ ကောင်းကောင်းမွန်မွန်လက်ခံ ကျွေးမွေးထားပြီး အကျိုးအကြောင်းကိုထပ်ပြီးသေချာအောင် မိခင်ကို အထပ်ထပ်မေး။သေချာပြီးဆိုမှ မြဆည်းဆာ အနေနဲ့ ကလေးတဘဝလုံးစာတာဝန်ယူ မွေးစားပေးလိုက်ပါပြီး။

ကလေးရဲ့ မိခင်ကိုတော့ ကလေးနဲ့အတူနေချင်လား။ကျွန်တော်တို့ အားလုံးတာဝန်ယူစီစဉ်ပေးမယ်ဆိုပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့အခွင့်အရေးလဲ ပေးခဲ့ပါတယ်။

မိခင်ဘက်ကတော့ တခြားအခက်အခဲတွေ အများကြီးရှိနေဦးမယ်ထင်ပါတယ်။ ရင်နာနာနဲ့ပဲ ကျွန်တော်တို့ လက်ထဲကိုကလေး ထည့်ခဲ့ပေးလိုက်ပါပြီး။

မိခင်ကိုတော့ အပြန်ကားလက်မှတ်နဲ့အတူ သုံးစွဲဖို့အသုံးစားရိတ်တွေကို ကျွန်တော်မှလှူ ဒါန်းပေးလိုက်ပါတယ်သားလေးအတွက်တော့ မြဆည်းဆာဆရာတော်ရဲ့မေတ္တာနဲ့ ကျွန်တော်တို့ အကျိုးတော်ဆောင်အဖွ့ဲတွေရဲ့စေတနာ အရိပ်အောက်မှာ အေးချမ်းသွားပါပြီး။

ဘဝ ဘဝတွေ အေးချမ်းကြပါစေ။

1.2.2022

ဇင်မိုး

အကျိုးတော်ဆောင်

မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာ

မုရောင်းကျေးရွာ မော်လမြိုင်မြို့ မွန်ပြည်နယ်။