News

“ဖုန်း အလုံး (၅၀၀၀)လောက် အားသွင်းနိုင်ပြီး တီဗွီတွေ အဝတ်လျှော်စက်တွေပါ သုံးနိုင်တဲ့ Power Bank ကို တီထွင်ခဲ့သူ(ရုပ်သံ)”

ဟောင်ကောင်က ဟန်ဒီဂန်း(Handy Geng) ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူငယ်ချင်းအချင်းချင်း Power Bank တွေ ယှဉ်ကြည့်ပြီး ဘယ်သူ့ဟာက အားပိုကောင်းလဲ ပြိုင်ကြရာကနေ မကျေမနပ်ဖြစ်ပြီး ဖုန်းပေါင်းများစွာကို တပြိုင်တည်းအားသွင်းလို့ရပြီး တီဗီ၊ အဝတ်လျှော်စက်တွေကိုပါ သုံးနိုင်တဲ့ Power Bank တစ်ခုကို တီထွင်လိုက်ပါတယ်

27,000,000 mAh အားရှိတဲ့ Power Bank တစ်ခုကို ဟောင်ကောင်က ဟန်ဒီဂန်း(Handy Geng)ဆိုသူက ဖန်တီးပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီ Power Bank ကြီးဟာ သာမန်ဖုန်း အလုံး ၅၀၀၀ လောက်ကို တပြိုင်တည်း အားသွင်းနိုင်ပြီး၊ လျှပ်စစ်ဆိုင်ကယ်တစ်စီး၊ တီဗီတစ်လုံး၊ အဝတ်လျှော်စက်တစ်ခု နဲ့ လျှပ်စစ်ဟင်းချက်အိုးတစ်ခုတို့ကိုလဲ တပြိုင်တည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ Power Bank ရဲ့ အရွယ်အစားဟာ ပုံမှာမြင်ရတဲ့အတိုင်း အတော်ကြီးမားပြီး၊ လေးလဲလေးတာကြောင့် သာမန် Power Bank တွေလို လွယ်လွယ်ကူကူသယ်ဆောင်သွားလို့ရမယ့်အမျိုးအစားတော့မဟုတ်ဘူးလို့ သူကဆိုပါတယ်။

ရုပ်သံကြည့်ရန်

တချို့က သူ့ရဲ့ တီထွင်မှုကို ချီးကျူးကြပေမယ့် တချို့ကတော့ You tube မှာ သူ့ရဲ့ Video ကို လူကြည့်များအောင် လုပ်နေတာလို့ ဝေဖန်နေကြပါတယ်

သူ့ရဲ့ Youtube အကောင့်ဟာ Subscribe လုပ်ထားသူ 176 K ရှိပါတယ်