Local News

လမ်းပျောက်ပီ း(37)မိုင်အကွာအဝေးရှိတဲ့ခရီးကို၊လမ်းလျှောက်ပြန်ပီး(26)ရက်ကြာမှ၊အိမ်ပြန်ရောက်လာခဲ့တဲ့ခွေးလေးအဖြစ်

လမ်းပျောက်ပီး(37)မိုင်အကွာအဝေးရှိတဲ့ခရီးကို၊(26)ရက်ကြာလမ်းလျှောက်ပီးမှ၊အိမ်ပြန်ရောက်လာခဲ့တဲ့ခွေးလေးအဖြစ်

များသောအားဖြင့်အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ၊ခွေးလေးတွေဟာသခင်အပေါ်သစ္စာအရှိဆုံး၊အသိတတ်ဆုံးအကောင်လေးတွေပါ။ယခုတခေါက်မှာတော့၊သစ္စာရှိလွန်းတဲ့ခွေးလေးတစ်ကောင်ဟာ၊အိမ်နဲ့ကွာဝေးလွန်းတဲ့အရပ်မှာလမ်းပျောက်ခဲ့ပေမဲ့၊အိမ်ပြန်လမ်းကိုမမေ့ပဲတန်းတန်းမတ်မတ်ပြန်နိုင်ခဲ့လို့၊သခင်ဖြစ်သူကိုယ်တိုင်တောင်အံ့သြခဲ့ရပါတယ်။

အကြောင်းကတော့၊အသက်(7)နှစ်အရွယ်ရှိပီဖြစ်တဲ့ခွေးလေးDou Dou ဟာ၊သခင်ဖြစ်သူရဲ့မိသားစုနဲ့အတူခရီးရှည်တခုကိုထွက်ခဲ့ရာမှ၊ကားရပ်နားစခန်းတစ်နေရာမှာအနားယူနေတုန်းပျောက်သွားခဲ့ပါတယ်။ထို့နောက်သခင်ဖြစ်သူကလဲ၊ Dou Douလေးပျောက်နေတာကို နာရီအတော်ကြာမှ သတိပြုမိခဲ့တဲ့ အချိန်မှာတော့ ၊Dou Douလေးကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့မတွေ့ခဲ့ပဲ၊၎င်းရဲ့သခင်ဖြစ်သူမိသားစုဟာအိမ်ပြန်လာခဲ့ပါတယ်။

ထို့နောက် ခွေးလေးရဲ့သခင်ဖြစ်သူက ၊ ၎င်းတို့ရပ်နားခဲ့တဲ့ ကားရပ်နားစခန်းဟာ အိမ်နဲ့ (37) မိုင် အကွာမှာရှိပီး၊ ထိုနေ့က ၎င်းနဲ့ ဇနီးဖြစ်သူတို့ဟာ ခလေးနဲ့အတူDou Douလေးကိုကားထဲထားခဲ့တဲ့အချိန်မှာ၊Dou Douလေးဟာပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။သခင်ဖြစ်သူကတော့၊၎င်းတို့ယာဥ်ရပ်နားခဲ့တဲ့စခန်းမှာမကြာခဏဆိုသလိုရှာခဲ့ပေမဲ့လဲမတွေ့ခဲ့ပါဘူး။ရှာမရတော့တဲ့အဆုံးDou Douလေးကို၊သခင်ကောင်းနဲ့တွေ့ပီးမွေးစားခံရပါစေလို့ဆုတောင်းလိုက်ပါသေးတယ်။

ပျောက်ဆုံးသွားပီးတလလောက်ပြည့်ခါနီးမနက်မှာတော့၊၎င်းတို့ရဲ့အိမ်ရှေ့တံခါးမှာပေစုပ်တူးလန်ပီး၊လမ်းဘေးခွေးတစ်ကောင်နဲ့တူတဲ့ခွေးလေးဟာလာရပ်နေခဲ့တဲ့အခါမှာတော့၊၎င်းတို့ရဲ့ခွေးလေးDou Dou မှန်းတန်းမမှတ်မိခဲ့ကြပါဘူး။ ထို့နောက် သခင်ဖြစ်သူရဲ့ ဇနီးက သေချာကြည့်မှ၊ ၎င်းတို့ရဲ့ခွေးလေး Dou Dou ဖြစ်နေခဲ့တာကြောင့်အရမ်းပဲဝမ်းသာပျော်ရွှင်ပီး၊မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်လို့ဆိုပါတယ်။

crd