ဗဟုသုတ

မိခင်ဝက်ဝံကြီးမှ သူမ၏ သားပေါက်လေးတွေကို တစ်ကောင်ချင်းစီခေါ်ဆောင်ကာ လမ်းဖြတ်ကူးပေးနေသည့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းလေး

မိခင်ဝက်ဝံကြီးမှ သူမ၏ သားပေါက်လေးတွေကို တစ်ကောင်ချင်းစီခေါ်ဆောင်ကာ လမ်းဖြတ်ကူးပေးနေသည့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းလေး

မိဘတိုင်းသည် မိမိတို့၏ သားသမီးတို့ကို အရိပ်တကြည့်ကြည့်ရှိနေတတ်ပြီး သားသမီးတို့တစ်ခုခုဖြစ်မည်ကိုအစိုးရိမ်လွန်နေတတ်ကြသည်။မိဘတို့၏ မေတ္တာသည် ဤလူသားကမ္ဘာကြီးထဲတွင်သာမကဘဲ အသိညဏ်နည်းသော တိရိစ္ဆာန်များပင် မိဘတို့၏ မေတ္တာကား ကြီးမားလွန်းလှပေသည်။

ယခုတွင်လည်း ဝက်ဝံမိခင်မကြီး၏ သူမ၏ သားသမီးများကို လမ်းဖြတ်ကူးပေးနေသည့် မြင်ကွင်းလေးသည်လူသားအားလုံးကိုဂရုဏာသက်စေခဲ့ပါသည်။ဝက်ဝံမိခင်ကြီးသည် သူတို့၏ လိုရာခရီးကိုသွားနိုင်ရန်အတွက် ကားများသွားလာနေသော လမ်းတစ်ခုကို ဖြတ်ကူးရန် လိုအပ်လာပုံရသည်။

သွားလာနေသော ကားများဖြင့် ရှုပ်နေသောကြောင့် ကလေးများကို ထိခိုက်မိမည်ကို စိုးရိမ်ပြီး ကလေးများကို ဝက်ဝံမကြီးက တစ်ကောင်ချင်းစီခေါ်ဆောင်ကာ လမ်းဖြတ်ကူးပေးခဲ့သည်။

ဝက်ဝံကလေးများသည်လည်း လိမ္မာစွာဖြင့် မိခင်လမ်းဖြတ်ကူးပေးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

crd