Local News

လေလံတင်ပွဲတစ်ခုမှာ ဒေါ်လာ ၄၈,၀၀၀ နဲ့ ရောင်းထုတ်နိုင်ခဲ့တဲ့ အရသာအရှိဆုံးဒူရင်းသီး

ပြီးခဲ့တဲ့လက ထိုင်းနိုင်ငံအလယ်ပိုင်းရှိလေလံပွဲတစ်ခုမှာ ဒူရင်းသီးတစ်တစ်လုံးဟာ ဘတ် ၁.၅သန်း (ဒေါ်လာ ၄၈,၀၀၀) အထိ လေလံအောင်သွားခဲ့ပါတယ်။ Nonthaburiမြို့ ရှိ ဒူရင်းပွဲတော်မှာ အဆိုပါဒူရင်းသီးဟာ ချမ်းသာတဲ့လေလံဆွဲသူတွေကို ဆွဲဆောင်စေခဲ့ပါတယ်။

အဆိုပါဒူရင်းသီးနဲ့အတူ အခြားဒူရင်းသီး ၈လုံးကို မော်ဒယ်မတွေက ကတ္တီပါခေါင်းအုံးပေါ်တင်ပြီး ဖျော်ဖြေပြသထားပါတယ် ။ အဲ့ဒီပွဲရဲ့ ဈေးအနည်းဆုံးဘတ် ၂၀,၀၀၀(ဒေါ်လာ ၆၄၀) ဒူရင်းသီးကို လေလံပွဲမတိုင်မီတစ်ရက်အလိုမှာ Pa Toi Lung Muဒူရင်းခြံမှာ ခူးယူထားတာပါ။

လေလံပွဲမှာ ဘတ် ၃၀၀,၀၀၀(ဒေါ်လာ ၉,၅၈၅)ကျော်ရောင်းချတဲ့ Monthong နဲ့ Kop Med Taoစတဲ့ဒူရင်းမျိုးစိတ်တွေပါဝင်ပါတယ်။

Nonthaburiမြို့ထွက်မျိုးစိတ်ဖြစ်တဲ့ Kanyaoဒူရင်းဟာ ချိုစိမ့်တဲ့အရသာကြောင့် လူသိများ၊ကြိုက်များပါတယ်။၂၀၁၁ခုနှစ်တုန်းက မြို့ထဲရေလွှမ်းမိုးမှုကြောင့် ဒူရင် းပင်အားလုံးနီးပါး ဆုံးရှုံးခဲ့ရပေမဲ့ ကျန်ရှားပါးမျိုးစိတ်ပင်တွေကို ဆက်လက်ထိန်းသိမ်းပြီး ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံက သိတဲ့အတိုင်း ဒူရင်း crazyဖြစ်ကြတာကို သိကြမှာပါ။ အချို့ခြံတွေက သကြားဓာတ်ပါဝင်မှုနဲ့ အာဟာရသိပ်သည်းဆမှု သေချာစေဖို့ ဒူရင်းပင်တစ်ပင် ကို မျိုးစိတ်သုံးမျိုးမှလေးမျိုးအထိ ပေါင်းစပ်ထုတ်လုပ်ရတာကြောင့် ဝယ်လက်တွေပုံမှန်ဝယ်ယူနိုင်ဖို့ ကြိုတင်စာရင်းပေးမှာယူရတတ်ပါတယ်။

အဆိုပါဈေးအကြီးဆုံးဒူရင်းသီးပိုင်ရှင် Maliwan Han Chai က” ဒီအသီးကထူးခြားမယ်ဆိုတာကိုတော့ သိတယ် ဒါပေမဲ့ ဒီလောက်ဈေးအထိ ရသွားမယ်လို့ မထင် ထားဘူး ဘတ် ၁သန်း (ဒေါ်လာ ၃၂,၀၀၀) အထိဘဲ မျှော်လင့်ထားတာ ဒီအသီးကို လေလံအောင်သွားတဲ့ သူဌေးလည်း အရသာရှိရှိစားသုံးနိုင်မယ်လို့လည်း မျှော်လင့်မိတယ်”လို့ ဆိုထားပါသေးတယ်။

ဒူရင်းသီးနိုင်ငံကတော့ တော်ယုံမဟုတ်ပါလား လေလံတွေတောင်ဆွဲပြီး စားတာနော်။

crd