Local News

ရှန်ပိန်ပုလင်းပေါင်း ၁၂,၀၀၀ ကျော်နဲ့ ကိုယ်ပိုင် နေအိမ်လေးကိုဆောက်လုပ်ပြခဲ့တဲ့ အမျိုးသား

နောက်ထပ် မယုံနိုင်စရာကောင်းတဲ့စီမံကိန်းတစ်ခုမှာ ရုရှားနိုင်ငံ Chelyabinskမြို့ရှိနေထိုင်သူ အသက် ၅၂ နှစ်အရွယ် Hamidullah Ilchibaev အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ ဗိသုကာနယ်ပယ်ကို ကျော်လွှားပြီး သူ့ကိုယ်ပိုင်အတွေးနဲ့ “Palace Oz”လို့ခေါ်တဲ့ပုလင်းအိမ်လေးကို ဆောက်လုပ်ကာ လူအများရဲ့အာရုံကိုဖမ်းစားစေခဲ့ပါတယ်။

llchibaevဟာ ဘီယာ ၊ဗော့ဒ်ပုလင်းတွေကို အသုံးပြုပြီး ပစ္စည်းအသစ်တစ်ခုပြုလုပ်ဖို့ အရမ်းစိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမဲ့ သူ့စီမံကိန်းကို နောက်တစ်ဆင့်တက်ဖို့ လုပ်နေချိန်မှာတော့ အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့သားဖြစ်သူ ရုတ်တရက်သေဆုံးသွားခဲ့ရပြီး သားဖြစ်သူကိုအဆုံးရှုံးခံခဲ့ရပါတယ်။

အဲ့လိုနဲ့ သူ့ကိုယ်ပိုင်အိမ်အား ပုလင်းတွေနဲ့ တည်ဆောက်ချင်ခဲ့တဲ့ ရှည်လျားတဲ့သူ့အိမ်မက်ကို အကောင်အထည် စဖော်ခဲ့ပါတယ်။ လုံးဝနီးပါး ရှမ်ပိန်ပုလင်းပေါင်း၁၂,၀၀၀ကျော်နဲ့တည်ဆောက်ထားပြီး ပြန်လည်ပြုပြင်ထားတဲ့ ၉၉စတုရန်းမီတာအကျယ်ရှိတဲ့အိမ်ဟာ အခုအချိန်မှာတော့

ဒေသအတွင်းရဲ့ နောက်ဆုံးနေရာအဖြစ် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အိမ်ရဲ့ ရှမ်ပိန်ပုလင်းအလွတ်တွေဟာ အနီးအနားစား သောက်ဆိုင်တွေမှာ ဝယ်ယူခဲ့ရသလို လှူဒါန်းပေးထားတဲ့ပုလင်းတွေလည်း ပါဝင်ခဲ့ပြီး အဆိုပါအိမ်ကို သုံးနှစ်နီးပါးအချိန်ယူဆောက်လုပ်ခဲ့ရပါတယ်။

“ကျွန်တော် စဆောက်တုန်းက ရှမ်ပိမ်ပုလင်းတွေအများကြီးတာတောင်မှ ဒီလိုအထိဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ဘူး” လို့ llchibaevက ဆိုထားပါတယ်။သာမန်အိမ်ထက် ၅ဆပိုဈေးသက်သာနေတဲ့အိမ်လေးက ဒေသတွင်းရဲ့အထင်ကရတစ်ခုဖြစ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆိုပါအံ့ဩစရာကောင်းတဲ့ပုလင်းအိမ်လေးဟာ သူ့သားအငယ်တစ်ယောက်အတွက် မင်္ဂလာလက်ဖွဲ့ပစ္စည်းအဖြစ် တည်ရှိနေပါတယ်။အဲ့ဒီအိမ်လေးက အမျိုးသားတွေအကြိုက် ချီးယားလုပ်နိုင်မယ့်အိမ်ကောင်းတစ်အိမ်လေးလည်း ဖြစ်ကောင်းဖြစ်နေမှာပါ။

crd