Local News

မင်္ဂလာပွဲမှာအပျော်လွန်ပြီး အားရပါးရကနေစဉ် သတို့သမီးရဲ့မျက်နှာကို ခြေထောက်နဲ့ကန်စောင့်မိခဲ့လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရတဲ့ သတို့သား

မင်္ဂလာဆောင်ပွဲဆိုတဲ့အတိုင်း သတို့သား ဒါမှမဟုတ် သတို့သမီးက ပွဲမှာ ထာဝရအမှတ်ရစေမယ့်ထူးဆန်းတဲ့အရာတစ်မျိုးမျိုးလုပ်တတ်ကြတာကို တွေ့ဖူးကြမှာပါ။

အခုလည်း ပရော်ဖက်ရှင်နယ်ရေခဲဟော်ကီကစားသမားတစ်ဦးဖြစ်တဲ့ Adam Gaudette အမည်ရှိသတို့သားတစ်ဦးဟာသူတို့ရဲ့မင်္ဂလာပွဲမှာ Micaela အမည်ရှိတဲ့သူ့ရဲ့သတို့သမီးကိုချစ်ဖို့ကောင်းတဲ့ကာမစိတ်ခံစားမှုတစ်ခုပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့်သတို့သားဟာသူ့ရဲ့သတို့သမီးအသစ်လေးအားအပေါ်ပိုင်းအဝတ်ဗလာနဲ့ အကဖျော်ဖြေနေတုန်း သတို့သမီးရဲ့ညာဘက်ပါးပြင်ကို ခြေထောက်နဲ့မတော်တဆကန်မိသွားခဲ့ပါတယ်။အဲ့တာနဲ့ဆိုးဆိုးရွားရွား ဖြစ်သွားရတဲ့ရလဒ်ကြောင့် မင်္ဂလာပွဲကို ခနရပ်ထားလိုက်ရပါသေးတယ်။

အဲ့တာထပ်ပိုဆိုးတာက မင်္ဂလာပွဲဧည့်သည်တွေကအဖြစ်အပျက်တစ်ခုလုံးကိုရိုက်ကူးထားခဲ့ပြီးဟာသတစ်ခုဖြစ်သွားစေဖို့သူတို့ရဲ့ရိုက်ချက်ဗီဒီယိုတွေကို TikTok မှာဝေမျှခဲ့ပြီးနောက် အဆိုပါဗီဒီယိုဟာ လူသိများကျော်ကြားသွားခဲ့ပါတယ်။သတို့သား ဟော်ကီကစားသမားလေးက သိသိသာသာအရှက်ကွဲသွားခဲ့ပြီး သတို့သမီးကိုအမြန်ပြန်တောင်းပန်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း သတို့သမီးကတော့အပျော်မပြတ်ဘဲသူ့ကိုချက်ချင်းခွင့်လွှတ်ပေးခဲ့ပြီးသူတို့နှစ်ဦးဟာတစ်ယောက်ကိုတစ်ယောက်အနမ်းတွေပေးခဲ့ကြပါတယ်။ဒါပေမဲ့ ဇွန်လကတည်းကရိုက်ကူးထားခဲ့တဲ့အခုဗီဒီယိုကတော့ အခုအချိန်အထိ onlineမှာ ဟာသတစ်ခုအဖြစ် လူပြောများနေပါသေးတယ်။

သတို့သားကအရမ်းစိတ်လှုပ်ရှားလွန်းပြီးအပျော်လွန်မိတော့ ဇနီးအသစ်လေးကို တောင်ခြေထောက်နဲ့ကန်မိသွားပုံပါဘဲ။ ကံကောင်းချင်တော့သတို့သမီးက ဧည့် သည် တိုင်းစိတ်အေးသွားအောင် ချက်ချင်းလုပ်ပေးနိုင်ခဲ့ပြီးသူမအတွက်တော့အကောင်းဆုံးမဟုတ်တာသေချာပေမယ့်သူတို့ကိစ္စကိုအဆင်ပြေပြေနဲ့ ကျော်လွှားနိုင်ခဲ့ပါတယ်။

”ငါဘာမှမဖြစ်လို့ထင်ပေမဲ့ ခေါင်းမူးနေခဲ့တယ် ပြီးတော့ ရေချိုးခန်းထဲသွားခိုးငိုနေခဲ့ရတယ်၊သူလည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်၊ ဒါပေမယ့်လည်း ညနေခင်းပါတီကို မနက် ၈ နာရီအထိ ငါတို့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေနဲ့အတူ ပျော်ခဲ့ကြတယ်” လို့ သတို့သမီးက ဆိုထားပါတယ်။

crd