Local News

သမီးလေးမွေးနေ့ပွဲကျင်းပေးနိုင်ရန်အတွက် ကျောက်ကပ်ကိုတောင် မနှမျောပဲ ရောင်းချခဲ့တဲ့ဖခင်

အာဂျင်တီးနား တိုက်ကွမ်ဒို အားကစားသမား မက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာ သမီးဖြစ်သူရဲ့ မွေးနေ့ပွဲလေးကို ခမ်းနားစွာ ကျင်းပပေးနိုင်ရန် ကျောက်ကပ်တစ်လုံးရောင်းချခဲ့တယ်လို့သိရပါတယ်။

အသက်(၄၀)အရွယ်ရှိပြီးဖြစ်တဲ့ မက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာ ချီလီနှင့် ဥရုဂွေးနိုင်ငံများတွင် နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေတံဆိပ်များစွာရယူထားနိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် အယ်လ်မန်ဒိုဟာ သမီးဖြစ်သူရဲ့ အသက်(၁၅)နှစ်ပြည့်မွေးနေ့ပွဲလေးကို ခမ်းနားစွာကျင်းပေးချင်ပေမယ့် သူ့မှာ ငွေကြေးလုံလောက်မှုမရှိတာကြောင့် ကျောက်ကပ်တလုံးကိုရောင်းချဖို့အတွက် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။

အယ်လ်မန်ဒိုနှင့် သူရဲ့မိသားစုဟာ အားကစားမှရရှိသည့် ဝင်ငွေမှ ာလုံလောက်မှုမရှိတာကြောင့် အပြင်အလုပ်များမှ ရရှိတဲ့ တစ်လဝင်ငွေဒေါ်လာ(၈၀၀)ခန့်ကိုသာမီခိုအားထားရပ်တည်နေရတာပဲဖြစ်ပါတယ်။

ဒီဝင်ငွေလောက်နဲ့က စားဝတ်နေရေးအတွက်တော့ ပြေလည်နိုင်ပေမယ့် ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတဲ့သမီးလေးရဲ့ အသက် ၁၅ ပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပပေးဖို့အတွက်တော့ လုံးဝမဖြစ်နိုင်ပါဘူး၊

ဒါ့ကြောင့် အယ်လ်မန်ဒိုဟာ ကျောက်ကပ်မရောင်းမှီ အချိန်တွင်ကားရောင်းခြင်း၊ ထီထိုးခြင်း၊ အလုပ်တိုးလုပ်ခြင်း အစရှိသဖြင့် နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားကြည့်ခဲ့သော်လည် းမအောင်မြင်တာကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့ကျောက်ကပ်ကို ရောင်းချဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။

အယ်လ်မန်ဒိုရဲ့ကျောင်းကပ်ရောင်းချတဲ့ post ဟာလူမှုကွန်ယက်ပေါ်မှာပျံံနှံ့လာတဲ့အခါမှာဆိုရင်လည်းအွန်လိုင်းသုံးစွဲသူတွေဟာသမီးလေးအတွက် ခန္ဓာကိုယ်တွင်း ကလီဆာတွေကိုတောင် နှမျောမှုမရှိတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို မလေးစားမချီးကျူးဘဲ မနေနိုင်ခဲ့ကြပါဘူး၊

ပရိသတ်တွေရော သမီးလေးရဲ့မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပပေးချင်လို့ သူ့ရဲ့ကိုယ်တွင်းကလီစာတွေရောင်းချနေတဲ့ ဖခင်တစ်ယောက်ရဲ့လုပ်ရပ်ကိုမြင်ရတော့ ရင်ထဲမှာဘယ်လိုခံစားကြရလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

crd