Local News

အိမ်နီးချင်းတွေ သက်သောင့်သက်သာ ခရီးသွားလာနိုင်အောင် ကြိုးစားပြီး လမ်းပြုပြင်ပေးခဲ့ကြတဲ့ မြေး ၊ အဘိုး

အိမ်နီးချင်းတွေ သက်သောင့်သက်သာ ခရီးသွားလာနိုင်အောင် ကြိုးစားပြီး လမ်းပြုပြင်ပေးခဲ့ကြတဲ့ မြေး ၊ အဘိုး

သင်ရဲ့ အသိုင်းအဝိုင်းအတွက် ကောင်းမွန် တဲ့အရာများ ပြုလုပ်ခြင်းဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရက်တစ်ခုပါဘဲ။ ဥပမာအားဖြင့် ရပ်ကွက်အတွင်း အများသုံးလမ်းကို ပြင်ဆင်ရန်အတူတကွ ပြုလုပ်နေကြတဲ့ အဘိုး နဲ့ သူ့ရဲ့မြေးကို သုံးသပ်ကြည့်ခြင်းသာဖြစ်ပါတယ်။ မစ္စတာ Thawut Channoi ဟာ Songkhla ပြည်နယ်ရှိလမ်းမကြီးပေါ်မှာ အဘိုးအို နဲ့ မြေးဖြစ်သူက ကျောက်တုံးများ နဲ့ ပြင်ဆင်နေကြတဲ့ ဓာတ်ပုံကို Facebook ပေါ်မှာ ဝေမျှခဲ့ပါတယ်။

ထို မစ္စတာ Thawut Channoi ဟာ Mr. Somnukwho လို့‌ခေါ်တဲ့ အသက် ၆၈ နှစ်အရွယ်အဘိုးဖြစ်သူ ရယ်၃ နှစ်အရွယ်သူ့မြေး နဲ့အဲ့လမ်းမပေါ်မှာ အတူရှိနေခဲ့ပါတယ်။ ရွာတွေမှာဆိုရင် ရွာသားတွေက မြေလမ်းတွေကို အသုံးပြုနေဆဲဖြစ်တာကြောင့် အထူးသဖြင့် မိုးရာသီတွင်မှာ သွားလာရန် အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့်အိမ်နီးချင်းတွေ အလွယ်တကူသွားလာနိုင်ရန် အဘိုးအို နဲ့ သူမြေးက အားလပ်ချိန်တွေမှာ ပြုလုပ်ပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဘိုး Somnuk က ကြွက်သားအားနည်းသော်လည်း သူကအခြားသူများရဲ့ ဘဝကို ပိုကောင်းအောင် အရာတစ်ခုခုလုပ်ဖို့ စိတ်ကူးရှိခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။မီဒီယာ နဲ့ သတင်းလိုင်းအများစုက ၎င်းအကြောင်းအရာကို အွန်လိုင်းပေါ်မှာအမျိုးမျိုးပပျံ့နှံ့ခဲ့ပြီးထိုင်းနိုင်ငံမှအင်တာနက်အသုံးပြုသူတွေဟာသူတို့ နဲ့ အတူတကွ ပံ့ပိုးရန် စုရုံးခဲ့ကြပါတယ်။ လူအများအပြားကို သူတို့ရဲ့ရပ်ရွာအတွက် ကောင်းမွန်တဲ့အရာများ စတင်လုပ်ဆောင်ရန် လှုံ့ဆော်ပေးခဲ့တဲ့အတွက် ၎င်းတို့နှစ်ဦးစလုံးကို ကျွန်ုပ်တို့ ကျေးဇူးတင်မိပါတယ်။ သူတို့နှစ်ယောက်စလုံး အားတက်ပြီး ပျော်ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Zawgyi

အိမ္နီးခ်င္းေတြ သက္ေသာင့္သက္သာ ခရီးသြားလာႏိုင္ေအာင္ ႀကိဳးစားၿပီး လမ္းျပဳျပင္ေပးခဲ့ၾကတဲ့ ေျမး ၊ အဘိုး

သင္ရဲ႕ အသိုင္းအဝိုင္းအတြက္ ေကာင္းမြန္ တဲ့အရာမ်ား ျပဳလုပ္ျခင္းဟာ အလြန္ေကာင္းမြန္တဲ့ လုပ္ရက္တစ္ခုပါဘဲ။ ဥပမာအားျဖင့္ ရပ္ကြက္အတြင္း အမ်ားသုံးလမ္းကို ျပင္ဆင္ရန္အတူတကြ ျပဳလုပ္ေနၾကတဲ့ အဘိုး နဲ႔ သူ႔ရဲ႕ေျမးကို သုံးသပ္ၾကည့္ျခင္းသာျဖစ္ပါတယ္။ မစၥတာ Thawut Channoi ဟာ Songkhla ျပည္နယ္ရွိလမ္းမႀကီးေပၚမွာ အဘိုးအို နဲ႔ ေျမးျဖစ္သူက ေက်ာက္တုံးမ်ား နဲ႔ ျပင္ဆင္ေနၾကတဲ့ ဓာတ္ပုံကို Facebook ေပၚမွာ ေဝမွ်ခဲ့ပါတယ္။

ထို မစၥတာ Thawut Channoi ဟာ Mr. Somnukwho လို႔‌ေခၚတဲ့ အသက္ ၆၈ ႏွစ္အ႐ြယ္အဘိုးျဖစ္သူ ရယ္ ၃ ႏွစ္အ႐ြယ္သူ႔ေျမး နဲ႔ အဲ့လမ္းမေပၚမွာ အတူရွိေနခဲ့ပါတယ္။ ႐ြာေတြမွာဆိုရင္ ႐ြာသားေတြက ေျမလမ္းေတြကို အသုံးျပဳေနဆဲျဖစ္တာေၾကာင့္ အထူးသျဖင့္ မိုးရာသီတြင္မွာ သြားလာရန္ အခက္အခဲျဖစ္ေစပါတယ္။ ဒါေၾကာင့္အိမ္နီးခ်င္းေတြ အလြယ္တကူသြားလာႏိုင္ရန္ အဘိုးအို နဲ႔ သူေျမးက အားလပ္ခ်ိန္ေတြမွာ ျပဳလုပ္ျပင္ဆင္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

အဘိုး Somnuk က ႂကြက္သားအားနည္းေသာ္လည္း သူကအျခားသူမ်ားရဲ႕ ဘဝကို ပိုေကာင္းေအာင္ အရာတစ္ခုခုလုပ္ဖို႔ စိတ္ကူးရွိခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။မီဒီယာ နဲ႔ သတင္းလိုင္းအမ်ားစုက ၎အေၾကာင္းအရာကို အြန္လိုင္းေပၚမွာ အမ်ိဳးမ်ိဳးပပ်ံ႕ႏွံ႔ ခဲ့ၿပီး ထိုင္းႏိုင္ငံမွ အင္တာနက္အသုံးျပဳသူေတြဟာသူတို႔နဲ႔ အတူတကြ ပံ့ပိုးရန္ စု႐ုံးခဲ့ၾကပါတယ္။ လူအမ်ားအျပားကို သူတို႔ရဲ႕ရပ္႐ြာအတြက္ ေကာင္းမြန္တဲ့အရာမ်ား စတင္လုပ္ေဆာင္ရန္ လႈံ႕ေဆာ္ေပးခဲ့တဲ့အတြက္ ၎တို႔ႏွစ္ဦးစလုံးကို ကြၽႏ္ုပ္တို႔ ေက်းဇူးတင္မိပါတယ္။ သူတို႔ႏွစ္ေယာက္စလုံး အားတက္ၿပီး ေပ်ာ္႐ႊင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

crd