ဗဟုသုတ

သက်တမ်းပြည့်သွားလို့ ရာထူးကဆင်းတော့မယ့်သမ္မတကို မဆင်းအောင် ဝိုင်းတောင်းပန်

အီတလီနိုင်ငံသမ္မတကြီး Sergio Mattarella ဟာ သမ္မတရာထူးမှာ (၇) နှစ်တာဝန်ထမ်းဆောင်ပြီးနောက် နောက်ထပ်သက်တမ်းမတိုးဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်သူ့နေရာကိုဆက်ခံမယ့် နိုင်ငံအတွက်သင့်တော်တဲ့သူကို ရန်ဖြစ်နေတဲ့ပါတီတွေကြားမှာ လူရှာမရခဲ့ပါဘူး။

သမ္မတရာထူးအတွက် ပါလီမန်မှာအကြိမ်ကြိမ်မဲပေးကြရာမှာ (၇) ကြိမ်ရောက်တဲ့အထိ လိုအပ်တဲ့မဲအရေအတွက်မရခဲ့ပါဘူး။

နောက်ဆုံးတော့အားလုံးတညီတညွတ်တည်း သမ္မတကြီး Sergio Mattarella ကို နောက်ထပ် (၇) နှစ်သက်တမ်းအဖြစ် သမ္မတတာဝန် ထပ်ယူပေးဖို့ ဝိုင်းတောင်းပန်ခဲ့ကြပါတယ်။

“Italians do not deserve any more days of confusion,” said Matteo Salvini, head of the rightist League party, asking Mattarella to “make a sacrifice” for the good of the country.

“အီတလီတွေအတွက် အိုးနင်းခွက်နင်းရက်တွေထပ်မရှိသင့်တော့ဘူး””သမ္မတကြီးအနေနဲ့ တိုင်းပြည်ကောင်းကျိုးအတွက်အနစ်နာခံပေးပါ

“make a sacrifice” for the good of country လို့ ဝန်ကြီးချုပ် Mario Draghi က အားလုံးကိုယ်စားတောင်းပန်ခဲ့ပါတယ်။

သမ္မတကြီးဟာ God Father ရုပ်ရှင်ကားထဲက စစ္စလီကျွန်းသား Sicilian ဖြစ်ပါတယ်။

သမ္မတကြီး Sergio Mattarella ကအရင်ကငြင်းပယ်ထားပြီး အခုအကြောင်းမပြန်သေးပါဘူး။

သမ္မတရာထူးအတွက်ဝင်ပြိုင်ခဲ့တဲ့ ဘီလျံနာ Silvio Berlusconi ကလည်း အောက်ပါအတိုင်းပြောခဲ့ပါတယ်။

“An extension of Mattarella’s mandate would be ideal for the financial markets,”

သမ္မတကြီး Mattarella ရာထူးသက်တမ်းဆက်ယူပေးခြင်းဟာ #ငွေကြေးဈေးကွက်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ့်ဆိုခဲ့ပါတယ်။

#တိုင်းပြည်တပြည်မှာငွေကြေးကဏ္ဍမပြိုလဲဖို့ကအဓိကအသက်ပါ။

တိုင်းပြည်ကိုချစ်ရင် #ပြည့်ဝမ်းကိုမဖောက်ရပါဘူး။

သမ္မတကြီး Mattarella အနေနဲ့သမ္မတရာထူးဆက်ယူခဲ့ရင်လည်း (၇) ပြည့်အောင်နေမှာမဟုတ်ပဲ တိုင်းပြည်အတွက်အကောင်းဆုံးလုပ်နိုင်မယ့်သူကို ရှာတွေ့ခဲ့ရင် ၂ နှစ်လောက်နဲ့ နှုတ်ထွက်နိုင်တယ်လို့ မှန်းနေကြပါတယ်။

ကွာပါ့ကွာ။

ကွာဆို …

ခွေးရူးခွေးငတ်လို ပြည်ပျက်ရင်ပျက်ပါစေ ငမ်းငမ်းတက်လိုချင်နေတဲ့ အယုတ်တမာမိစ္ဆာမျိုးမှမဟုတ်တာ။

အရှက်ရှိတာနဲ့မရှိတာကွာတယ်လေ။

လူဆိုတာအရှက်မရှိရင် ဘာမဆိုလုပ်သတဲ့။

crd