ဗဟုသုတ

အကုသိုလ်ကံသည် ဇောကပ်သည်ဖြစ်လျက် ပထမဇောအနေဖြင့် ထန်တလန်၏အကျိုးဆက်ကို ရှောင်လွဲလို့ရမည်မဟုတ်

အောက်ချင်းငှက်မလေးဟာ ဥဥဖို့နဲ့ ဝပ်ဖို့ရာ အသိုက်ဆောက်ရတယ်။ ဟိုးအဝေးကနေ ရွှံ့တွေ၊သစ်စေးတွေကို အပင်အမြင့်ကြီးတွေထိပ်က သစ်ခေါင်းတွေထဲကိုသယ်ရတာ။

တစ်ခြားငှက်တွေ အကောင်တွေက သူ့ဥတွေကို လာစားမှာစိုးလို့။ သစ်ခေါင်းထဲကနေဆောက်တာမို့ ဆောက်ရင်းနဲ့ အဝင်ဝက ကျဉ်းကျဉ်းလာတာပေါ့။ အဲ့သည့်အခါကျ သူ့ဝမ်းထဲကအစာတွေကို အန်ပြီးဆောက်ရတယ်။ ငှက်ဖိုလေးက ငှက်မလေးစားဖို့ သစ်စေ့လေးတွေ လာလာပို့တယ်။

ဒါပေမယ့် ငှက်မလေးက အကုန်မစားရရှာဘူး အသိုက်ဆောက်ဖို့လဲသုံးရတာကိုး။ နောက်ဆုံးကျ အသိုက်ဝဟာ နှုတ်သီးဖေါ်စရာလေးပဲ ကျန်တယ်။ ငှက်ဖိုလေးက အစာလာပို့ ငှက်မလေးကနှုတ်သီးလေးထွက်လာပြီး ယူစားပေါ့ အဲ့လို။

တောမီးလောင်တာတို့ဘာတို့ဖြစ်လို့ အသိုက်လေးပျက်တာမျိုး ငှက်မလေးသေသွားတာမျိုးဆို အောက်ချင်းဖိုလေးဟာ ဟိုးအမြင့်ကြီးကိုပျံတက် အရှိန်နဲ့မြေပြင်ပေါ်ပြေးဆင်းလာပြီး ရင်ဘတ်နဲ့မြေကြီးနဲ့ရိုက်ပြီး သတ်သေပစ်လိုက်တာပဲ။

ဒါကြောင့် ရှေးကတည်းက မုဆိုးတွေ ငှက်လိုက်သမားတွေဟာ အောက်ချင်းငှက်သိုက်တွေ့ရင် မတို့ဘူး၊မထိဘူး အသိုက်လေးပျက်သွားမှာစိုးလို့။

မုဆိုးဆိုတော့ ဝဋ်တွေဘာတွေယုံလို့ရယ်မဟုတ်ပါဘူး လူစိတ်ရှိတာပေါ့ လူပဲဟာနော့။ သူတို့ အသိုက်ကလေးဖြစ်ဖို့ရာ လွယ်တာမဟုတ်မှန်းသိတာကိုး .လူတွေလဲ အိမ်လေးတစ်လုံးဖြစ်ဖို့မလွယ်ဘူးမှတ်လား။ ကိုယ်ချင်းစာစိတ်ပေါ့ဗျာ လူတွေကိုးဗျ။

ချင်းတို့ဌာနေ အသိုက်မြုံတွေဖျက်ဆီးခံရပါသော ထန်တလန်အတွက် မေတ္တာဓာတ်များ များစွာ​ခြွမ်းလှုံပေးကြဖို့လည်း တောင်းဆိုပါရစေ။

မြတ်​ဗုဒ္ဓသည် မေတ္တာတရားကိုသာ ထာဝရလက်ကိုင်ထားသော ဘုရားရှင်ဖြစ်တော်မူပေသည်။ထိုနည်းဖြင့်သာအရာရာကိုအောင်နိုင်ခဲ့ပေသည်။ ကံဆိုသည်တွင်လည်း ဇောကပ်သည်ဖြစ်တာမို့ အကုသိုလ်ကြီးမားသော ဇောဖြစ်သည့်နည်းတူ ပထမဇောသည် ဝဋ်အဖြစ်နှင့် လက်ရှိဘဝတွင်ပင် ပြန်လည်အကျိုးပေးပေလိမ့်မည်မှာ မလွဲပေဖြစ်သည်။

အောက်ချင်းမလေးအသိုက်ဆောက်နေစဉ် ငှက်ဖိုလေးအစာလာကျွေးနေပုံဓာတ်ပုံဆရာအချိန်ယူရိုက်ထား။

အောက်ချင်းငှက်မလေးဟာ ဥဥဖို့နဲ့ ဝပ်ဖို့ရာ အသိုက်ဆောက်ရတယ်။ ဟိုးအဝေးကနေ ရွှံ့တွေ၊သစ်စေးတွေကို အပင်အမြင့်ကြီးတွေထိပ်က သစ်ခေါင်းတွေထဲကိုသယ်ရတာ။

တစ်ခြားငှက်တွေ အကောင်တွေက သူ့ဥတွေကို လာစားမှာစိုးလို့။ သစ်ခေါင်းထဲကနေဆောက်တာမို့ ဆောက်ရင်းနဲ့အဝင်ဝကကျဉ်းကျဉ်းလာတာပေါ့။ အဲ့သည့်အခါကျ သူ့ဝမ်းထဲကအစာတွေကို အန်ပြီးဆောက်ရတယ်။ ငှက်ဖိုလေးက ငှက်မလေးစားဖို့ သစ်စေ့လေးတွေ လာလာပို့တယ်။

ဒါပေမယ့် ငှက်မလေးက အကုန်မစားရရှာဘူး အသိုက်ဆောက်ဖို့လဲသုံးရတာကိုး။ နောက်ဆုံးကျ အသိုက်ဝဟာနှုတ်သီးဖေါ်စရာလေးပဲကျန်တယ်။ ငှက်ဖိုလေးက အစာလာပို့ ငှက်မလေးကနှုတ်သီးလေးထွက်လာပြီး ယူစားပေါ့ အဲ့လို။

တောမီးလောင်တာတို့ဘာတို့ဖြစ်လို့ အသိုက်လေးပျက်တာမျိုး ငှက်မလေးသေသွားတာမျိုးဆို အောက်ချင်းဖိုလေးဟာ ဟိုးအမြင့်ကြီးကိုပျံတက် အရှိန်နဲ့မြေပြင်ပေါ်ပြေးဆင်းလာပြီး ရင်ဘတ်နဲ့မြေကြီးနဲ့ရိုက်ပြီး သတ်သေပစ်လိုက်တာပဲ။

ဒါကြောင့် ရှေးကတည်းက မုဆိုးတွေ ငှက်လိုက်သမားတွေဟာ အောက်ချင်းငှက်သိုက်တွေ့ရင် မတို့ဘူး၊မထိဘူး အသိုက်လေးပျက်သွားမှာစိုးလို့။

မုဆိုးဆိုတော့ ဝဋ်တွေဘာတွေယုံလို့ရယ်မဟုတ်ပါဘူး လူစိတ်ရှိတာပေါ့ လူပဲဟာနော့။ သူတို့ အသိုက်ကလေးဖြစ်ဖို့ရာလွယ်တာမဟုတ်မှန်းသိတာကိုး .လူတွေလဲ အိမ်လေးတစ်လုံးဖြစ်ဖို့မလွယ်ဘူးမှတ်လား။ ကိုယ်ချင်းစာစိတ်ပေါ့ဗျာ လူတွေကိုးဗျ။

ချင်းတို့ဌာနေ အသိုက်မြုံတွေဖျက်ဆီးခံရပါသော ထန်တလန်အတွက် မေတ္တာဓာတ်များ များစွာခြွမ်းလှုံပေးကြဖို့လည်း တောင်းဆိုပါရစေ။

မြတ်ဗုဒ္ဓသည် မေတ္တာတရားကိုသာ ထာဝရလက်ကိုင်ထားသော ဘုရားရှင်ဖြစ်တော်မူပေသည်။ ထိုနည်းဖြင့်သာအရာရာကိုအောင်နိုင်ခဲ့ပေသည်။ကံဆိုသည်တွင်လည်း ဇောကပ်သည်ဖြစ်တာမို့ အကုသိုလ်ကြီးမားသော ဇောဖြစ်သည့်နည်းတူ ပထမဇောသည် ဝဋ်အဖြစ်နှင့် လက်ရှိဘဝတွင်ပင် ပြန်လည်အကျိုးပေးပေလိမ့်မည်မှာ မလွဲပေဖြစ်သည်။

အောက်ချင်းမလေးအသိုက်ဆောက်နေစဉ် ငှက်ဖိုလေးအစာလာကျွေးနေပုံဓာတ်ပုံဆရာအချိန်ယူရိုက်ထား

crd