Local News

အဖွားအတွက် ဆေးဝယ်ဖို့ မိုးလင်းကနေ မိုးချုပ်အထိ ဈေးရောင်းနေရတဲ့ အသက် (၈၀) အဖိုး

အဖွားအတွက် ဆေးဝယ်ဖို့ မိုးလင်းကနေ မိုးချုပ်အထိ ဈေးရောင်းနေရတဲ့ အသက် (၈၀) အဖိုး တနေ့ (၅)ထောင်ရဖို့…မိုးလင်းကနေမိုးချုပ်ထိ ရောင်းရတယ်အဖိုး အသက်(၈၀)နှစ်၊ ပရုတ်လုံးလေးတွေ ဆိုင်ကြီးကနေ ယူပြီ…ဈေးပြင်မှာ ပတ်ရောင်းတယ်။အဖိုးရေ…ဘယ်လိုရောင်းတုန်း၊ တထုပ် (၈၀၀)ကျပ်ပါ သားရယ်၊ ဟုတ် အဖိုး…ရောင်းကောင်းရဲ့လား၊ မကောင်းပါဘူး သားရယ်…ပစ္စည်းဈေးတွေက တက်…အဖိုးက ပြန်ယူရောင်းတော့ ဘယ်သူမှ မဝယ်ကြဘူး။

အဖိုးက ဘယ်ကနေ လာရောင်းတာလဲ ဗျ၊ အဖိုးက ရွာသာကြီးကနေလာတာ…မနက် (၅)ခွဲဆိုရောက်ပြီ…လက်ဖက်ရည်လေးသောက်ပြီ (၆)နာရီဆိ အဖိုး ပတ်ရောင်းတာ၊ဘယ်ချိန်လောက်ထိ ရောင်းလဲ အဖိုး…တနေ့ ဘယ်လောက် ရောင်းရလဲ၊ အဖိုး မနက် (၆)နာရီကနေ ညနေ(၆)နာရီထိပတ်ရောင်းရတယ် သား…တနေကုန်ရောင်းမှ (၅)ထောင်လောက်ရတာ၊ အဲ့လောက်ရမှလဲ အိမ်က အဖိုး မိန်းမ (အဖွား)ကို ဆေးတိုက်နိုင်တာ…အဖိုးတို့ စားဖို့တွက် တနေကုန်ရောင်းရတယ်။

အဖိုးက သားသမီးမရှိဘူးလား၊ သား(၂)ယောက်ရှိတယ်…ရေနစ်ပြီ သေသွားကြပြီ။ ဒါဆို ဒီနေ့လဲ တနေကုန်ရောင်းရမှာပေါ့နော်၊ ဟုတ်တယ် သား…(၁)ထုပ်ပဲ ရောင်းရသေးတယ်။အဖိုး ဒီနေ့ အဖွားဆီ အိမ် စောစောပြန်ချင်လား။ သားရယ် ပြန်ချင်တာပေါ့…ဒါပေမယ့် အဖိုး ပိုက်ဆံလေးပါ သွားမှ ထမင်းစား ဆေးဖိုး ရမှာ သားရယ်၊ ကဲ အဖိုး အိမ်ပြန်တော့ဗျာ။ ဒါတွေ သား ဒီ(၁၀)ထုပ် အကုန် ယူမယ် ဗျာ။

ဟာ…တကယ်လား သား။ တကယ်ပေါ့ အဖိုး…ရော့ ၅၀၀၀၀ ကျပ်နော်၊ ဒီနေ့ အိမ်စောပြန်ပြီ အဖွားနားမှာ တူတူ အနားယူကြနော်။ကျေးဇူးတင်လိုက်တာ သားရယ်…အဖိုး ဆုတွေ တောင်းပေးပါရစေ (အကြာကြီးပဲ ဆုတွေ ပေးရှာတယ်)(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော(၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)ဪ… အဖိုးရဲ့ အိမ်အပြန်ခြေလှမ်းလေးတွေ တက်ကြွနေတာ မြင်ရတော့ စိတ်ထဲကြည်နူးမိ။

ဆင်းရဲနွမ်းပါးအဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါကကိုပူတူးနှင့်ဘော်ဒါများ

ZAWGYI

အဖွားအတွက် ဆေးဝယ်ဖို့ မိုးလင်းကနေ မိုးချုပ်အထိ ဈေးရောင်းနေရတဲ့ အသက် (၈၀) အဖိုး တနေ့ (၅)ထောင်ရဖို့…မိုးလင်းကနေမိုးချုပ်ထိ ရောင်းရတယ်အဖိုး အသက်(၈၀)နှစ်၊ ပရုတ်လုံးလေးတွေ ဆိုင်ကြီးကနေ ယူပြီ…ဈေးပြင်မှာပတ်ရောင်းတယ်။အဖိုးရေ…ဘယ်လိုရောင်းတုန်း၊ တထုပ်(၈၀၀)ကျပ်ပါ သားရယ်၊ ဟုတ် အဖိုး…ရောင်းကောင်းရဲ့လား၊ မကောင်းပါဘူး သားရယ်…ပစ္စည်းဈေးတွေက တက်…အဖိုးက ပြန်ယူရောင်းတော့ ဘယ်သူမှ မဝယ်ကြဘူး။

အဖိုးက ဘယ်ကနေ လာရောင်းတာလဲ ဗျ၊ အဖိုးက ရွာသာကြီးကနေလာတာ…မနက် (၅)ခွဲဆို ရောက်ပြီ…လက်ဖက်ရည်လေးသောက်ပြီ (၆)နာရီဆိုအဖိုး ပတ်ရောင်းတာ၊ဘယ်ချိန်လောက်ထိ ရောင်းလဲ အဖိုး…တနေ့ ဘယ်လောက် ရောင်းရလဲ၊ အဖိုး မနက် (၆)နာရီကနေ ညနေ(၆)နာရီထိပတ်ရောင်းရတယ် သား…တနေကုန်ရောင်းမှ (၅)ထောင်လောက်ရတာ၊ အဲ့လောက်ရမှလဲ အိမ်က အဖိုး မိန်းမ (အဖွား)ကို ဆေးတိုက်နိုင်တာ…အဖိုးတို့ စားဖို့တွက် တနေကုန်ရောင်းရတယ်။

အဖိုးက သားသမီးမရှိဘူးလား၊ သား(၂)ယောက်ရှိတယ်…ရေနစ်ပြီ သေသွားကြပြီ။ ဒါဆို ဒီနေ့လဲ တနေကုန်ရောင်းရမှာပေါ့နော်၊ ဟုတ်တယ် သား…(၁)ထုပ်ပဲ ရောင်းရသေးတယ်။အဖိုး ဒီနေ့ အဖွားဆီ အိမ် စောစောပြန်ချင်လား။ သားရယ် ပြန်ချင်တာပေါ့…ဒါပေမယ့် အဖိုး ပိုက်ဆံလေးပါ သွားမှ ထမင်းစား ဆေးဖိုး ရမှာ သားရယ်၊ ကဲ အဖိုး အိမ်ပြန်တော့ဗျာ။ ဒါတွေ သား ဒီ(၁၀)ထုပ် အကုန် ယူမယ် ဗျာ။

ဟာ…တကယ်လား သား။ တကယ်ပေါ့ အဖိုး…ရော့ ၅၀၀၀၀ ကျပ်နော်၊ ဒီနေ့ အိမ်စောပြန်ပြီ အဖွားနားမှာ တူတူ အနားယူကြနော်။ကျေးဇူးတင်လိုက်တာ သားရယ်…အဖိုး ဆုတွေ တောင်းပေးပါရစေ (အကြာကြီးပဲ ဆုတွေ ပေးရှာတယ်)(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော(၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)ဪ… အဖိုးရဲ့ အိမ်အပြန်ခြေလှမ်းလေးတွေ တက်ကြွနေတာ မြင်ရတော့ စိတ်ထဲ ကြည်နူးမိ။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါကကိုပူတူးနှင့်ဘော်ဒါများ

crd