ဗဟုသုတ

ဘီလျံနာ အီလွန်မတ်စ်၏ Space X ကုမ္ပဏီမှ ထိန်းချုပ်၍မရတော့သော အာကာသယာဉ် မတ်လ ၄ ရက်တွင် လကိုဝင်ရောက်တိုက်မိပျက်ကျနိုင်

နယူးယောက်၊ ဇန်နဝါရီ ၂၉

ဘီလျံနာ အီလွန်မတ်စ်၏ Space X ကုမ္ပဏီမှ အာကာသယာဉ်တစ်စီးသည် အာကာသအတွင်းဝယ် ထိန်းချုပ်မရတော့သောအခြေအနေတွင်ရှိနေရာမှ လကိုဝင်ရောက်တိုက်မိကာ လပေါ်သို့ ပျက်ကျနိုင်ကြောင်းနှင့် သိပ္ပံပညာရှင်များအတွက် အထူးစိတ်လှုပ်ရှားဖွယ် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းအမေရိကန်နိုင်ငံမှ ထင်ရှားသော ဘူမိဗေဒပညာရှင် ဂျိမ်းစ်ဒဗလျူဟက်က ပြောသည်။

လာမည့် မတ် ၄ ရက်နေ့ တွင် တိုက်မိပျက်ကျနိုင်ကြောင်း သုတေသီတို့က ခန့်မှန်းထားသည်။

အဆိုပါ အာကာယာဉ်သည် ၂၀၁၅ ခုနှစ်မှစတင်၍ မြေပြင်မှ ထိန်းချုပ်၍မရတော့ပဲ လပတ်လမ်းကြောင်းအနီး အာကာသထဲတွင် လွင့်မျောနေခဲ့ခြင်းဖြစ်သည်။

အာကာသယာဉ်၏ အလေးချိန်မှာ ၄ တန်ရှိသော်လည်းယင်းအလေးချိန်ရှိ အရာဝတ္ထုတစ်ခုကလကိုဝင်တိုက်မိခြင်းအားကမ္ဘာပေါ်မှမြင်တွေ့နိုင်မည်မဟုတ်သလို၊ နာဆာ၏ စောင့်ကြည့်အာကာသယာဉ်မှလည်း မြင်တွေ့နိုင်မည်မဟုတ်ကြောင်း နာဆာမှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

သုတေသီတို့အနေဖြင့် လ၏တုန့်ပြန်မှုများကို လေ့လာရန်အတွက် အာကာသယာဉ်ဖြင့် လကိုဝင်တိုက်မိစေရန် ယခင်က ကြံစည်ခဲ့ကြဖူးကြောင်းသိရသည်။

ယခုဖြစ်ရပ်သည် မရည်ရွယ်ပဲနှင့် လေ့လာခွင့်ရမည့် အခြေအနေတစ်ခုဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။

Ref: Elon Musk’s rocket crashing into moon is ‘exciting opportunity’ for science