Local News

သမီးလေးကို မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်စွမ်းဖြစ်သွားသောကြောင့် ကလေးကို ခြေထောက်ဖြင့်သာ ပြုစုစောင့်ရှောက်ခဲ့ရသည့် မိခင်

သမီးလေးကို မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်စွမ်းဖြစ်သွားသောကြောင့် ကလေးကို ခြေထောက်ဖြင့်သာ ပြုစုစောင့်ရှောက်ခဲ့ရသည့် မိခင်

သားသမီးကို မချစ်မနှစ်သက်သော မိဘဟူ၍ ကမ္ဘာပေါ်တွင် တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ ။ မိဘတို့သည် သားသမီးတို့ကို မမွေးဖွားခင်က တည်းကပင် အပူအစပ် စသောအစားအစာများကို ရှောင်ကျဥ်ပြီး အနေအထိုင် အသွားအလာများကအစ ဂရုစိုက်ဆင်ခြင်ခဲ့ရပေသည်။

သားသမီးတို့ကိုမမွေးဖွားခင်ကတည်းကပင်အစိုးရိမ်ကြီးစိုးရိမ်ကာကာကွယ်စောင့်ရှောက်ရန်အသင့်ရှိနေခဲ့ပေသည်။ယခုတွင်လည်းဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် သူမကိုယ်တိုင် မွေးထားသော သမီးဖြစ်သူလေးကို အလွန်ပင်ချစ်ခဲ့သည်။

သူမဟာသမီးငယ်လေးကို အမြဲမပျက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။သို့သော် ထိုသို့စောင့်ရှောက်ရာတွင် မိခင်ဖြစ်သူဟာသမီးလေးကိုခြေထောက်ကိုသာ အသုံးပြုပြီး စောင့်ရှောက်ခဲ့ပါတယ်။အကြောင်းမှာ သမီးလေး မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်းစွမ်းဖြစ်သွားကာ မလှုပ်ရှားနိုင်တော့သောကြောင့်ဖြစ်ပါတယ်။

သို့သော်လည်း ပတ်ဝန်းကျင်အချို့ဟာ သူမကို အလွန်ကဲ့ရဲ့ပြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။