News

“သားဖြစ်သူကအသက် (၂၉) နှစ်အထိ အိမ်ထောင်မကျသဖြင့် အဖေဖြစ်သူ ကိုယ့်ဟာကိုယ် အဆုံးစီရင်ဖို့ ဖို့ကြိုးစား”

တရုတ်ပြည် ရှန်ဟိုင်းဘူတာမှာ လဲကျခဲ့တဲ့ အသက် ၅၅ နှစ်အရွယ်ဦးလေးက သူ့သားကိုရည်ရွယ်ပြီးရေးထားတဲ့စာကို ရဲကိုပေးအပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့က သူဟာဆေးအလွန်အကျွံသောက်ပြီး သူဟာသူသတ်သေရန်ကြံစည်ခဲ့တယ်လို့ယူဆရကာ အခုအခါမှာဆေးရုံမှာကုသမှုပေးနေပါတယ်။

သူ့သားဆီရေးထားတဲ့စာမှာ သူ့သားဟာအခုအသက် ၂၉ နှစ်အထိအိမ်ထောင်မပြုပဲ မိသားစုတစ်စု မစတင်နိုင်တဲ့အတွက် သူ့မှာရှက်လို့သေတော့မယ်လို့ဆိုပါတယ်။

“People of my age in the village all have children and grandchildren already,” he reportedly wrote, adding: “But you are 29 and have achieved nothing.”

“ရွာထဲကငါနဲ့အသက်တူတွေအားလုံး သားသမီးမြေးမြစ်တွေနဲ့ဖြစ်ကုန်ပြီ”

“မင်းကအခုအသက် ၂၉ နှစ်ရှိနေပြီ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိဘူး” လို့စာထဲမှာရေးထားပါတယ်။

If young women are not married after 27, they are referred to as sheng nu, or leftover women.

တရုတ်ပြည်မှာ မိန်းလေးတွေအသက် ၂၇ နှစ်ကျော်တဲ့မိန်းကလေးတွေကို 剩女 ရှန်းနူလို့ခေါ်ပါတယ်။

မထွက်တဲ့ကုန်ကျန်တွေပေါ့ဗျာ။ တရုတ်ပြည်က ဒီရှန်းနူကိစ္စအကြောင်းကို post သပ်သပ်ရေးပါမယ်။

​မိဘတွေဟာ မိန်းကလေးတွေအသက် ၂၇ နှစ်ရောက်ခါနီးရင် blind dates စီစဉ်ပေးကာ အိမ်ထောင်ချပေးဖို့ကြိုးစားကြပါတယ်။

ယောက်ျားလေးမိဘတွေလည်း သားကိုအိမ်ထောင်ချပေးပြီး မျိုးဆက်ထိန်းဖို့နားချတာတွေရှိပါတယ်။

မြန်မာပြည်မှာလည်းရှိပါတယ်။ အမေဖြစ်သူကသားဖြစ်သူကို အိမ်ထောင်မပြုရင် တနေ့ကျရင်အသေဖြောင့်မှာမဟုတ်ဘူးလို့ပြောလို့ ကျနော့်သူငယ်ချင်းတစ်ယောက် လူပျိုကြီးဘဝကကျွတ်သွားလေရဲ့။

တခါတုန်းကလည်း တရုတ်အမျိုးသမီးတစ်ယောက်နဲ့ စကားစပ်လို့ ဒီအကြောင်းကို လေယာဉ်ပေါ်မှာဆွေးနွေးဖူးပါတယ်။ ဒီအကြောင်းတွေနောက်မှရေးပါမယ်။

အခုလောလောဆယ်ပြောချင်တာက …

မိဘတွေဂိုသနားကြဘာ … လို့ ..မိဘတွေတစ်ခုခုဆို သားသမီးမှာတာဝန်မကင်းဘူးနော်။

🥴

Richard Myo Thant

28-January -2022