News

“စစ်ကိုင်းတိုင်းအတွင်းက တစ,တစ ကြီးထွားလာနေသော ပျူစောထီးတို့နယ်မြေ “

စစ်ကိုင်းတိုင်း၏ တစ,တစ ကြီးထွားလာနေသော ပြူစောထီးတို့နယ်မြေ (သို့မဟုတ်) စကစတို့၏ ပြည်သူကို ပြည်သူက ပြန်တိုက်မယ့် တန်ပြန်တိုက်စစ်နယ်မြေ

1=မှော်တော်၊

2=တောက္ကရှပ်၊

3=ကင်းတောင်(မြင်းခွာတောင်)

၊4=ကံရိုး၊

5=ကျွန်းလည်

၊6=ရီးဒွေး၊

7=တင်ငုတ်ကြီး၊

8=ကျွန်းလှ၊

9=သဖန်းဆိပ်ဆည်၊

10=ဆင်စွယ်စခန်း

အဆိုပါနေရာများဟာ စကစလက်အောက်ခံ စခနှင့်ပြူတို့ ခြေကုပ်ယူပီး စခန်းချထားသော နေရာများဖြစ်သည်။တနည်းအားဖြင့်ဆိုရသော် အဆိုပါနေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များလှုပ်ရှားမှုအားနည်းလွန်းသည်ဟု ဆိုရမည်။

လွန်ခဲ့သောတလခန့်က အဆိုပါနေရာအားလုံးတွင် ပြည်သူများ သွားရေးလာရေး အဆင်ပြေရုံရှိသော်လဲ ယခုတလခန့်ကြာကာလတွင် ယခင်လို သွားရေးလာရေး အဆင်မပြေလှတော့ပေ။ပြူစောထီးများသည် လမ်းသွားလမ်းလာပြည်သူများအပေါ်ဆက်ကြေးကောက်ခံခြင်း၊အကြောင်းရှာ၍ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို တနေ့ထက်တနေ့ ပိုမိုလုပ်ဆောင်လာနေသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ တောတွင်းနေရာများတွင် စစ်ရေးလှုပ်ရှားမှုများ၊စစ်အခြေခံသင်တန်းများပြုလုပ်နေချိန်တွင် ပြူစောထီးတို့မှာ မြို့၊ကျေးရွာများအတွင်း၌ သာယာဖြောင့်ဖြူးစွာ သင်တန်းတက်ရောက်နေကြသည်။အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်နေပါသနည်း။အဖြေမှာ ရိုးရှင်းလှပေသည်။ယခုပြူစောထီးများ အခြေချထားသော နေရာအများစုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထောက်ခံသူအများစုရှိသောနေရာ(သို့မဟုတ်)နိုင်ငံရေးကြားနေဝါဒသမားအများဆုံးနေထိုင်သော ဒေသများဖြစ်သည်။

မိမိတို့ စုံစမ်းသိရှိထားသောအချက်များအရ ကန့်ဘလူမြို့နယ် ရီးဒွေး၊မှော်တော်၊တောက္ကရှပ်၊ကံရိုး၊တင်ငုတ်ကြီးရွာနှင့် တန့်ဆည်မြို့နယ် ကျွန်းလယ်ရွာတို့တွင် စကစလက်အောက်ရှိအင်အားမှာ စခဗိုလ်တကောင်အပါအဝင် စခတို့မှာလေးငါးယောက်ထပ်မပိုပေ။ကျန်အင်အားမှာ ပြူစောထီးများသာဖြစ်သည်။ပြူစောထီးများအား စခယူနီဖောင်းဝတ်ပေးထားခြင်းကြောင့် ပြည်သူအများစုမှ စစ်သားများလို့ပင် ထင်နေကြသည်။ထို့ကြောင့်ပင် ယင်းဒေသအတွင်းရှိ NLD ထောက်ခံသူအများစုမှာ မိမိတို့အိမ်ယာများကို စွန့်ကာ ထွက်ပြေးနေရသည်။

မှော်တော်ရွာအတွင်းရှိပြူစောထီးများမှာ ညတိုင်ဆိုလျင် သေနတ်များပစ်ဖောက်ကာ”ငါ ိုးမတွေ ဒီလောက်လုပ်ပြနေတာတောင် တကောင်မှထွက်မလာဘူး”ဟု ရွာခံများကို မကြာခဏရန်စနေတယ်ဟု ဒေသခံတဦးက ပြောပြသည်။ကန့်ဘလူမြို့နယ်အတွင်းရှိ ရွာများတွင် ပြူစောထီးသင်တန်းတက်ရန် လိုက်လံစာရင်းကောက်နေသည်ဟုလဲ မိမိတို့မှ စုံစမ်းသိရှိရသည်။

တချို့ ကြံ့ဖွတ်ထောက်ခံတဲ့လူတွေတောင် ရွာနေရင် စစ်ထဲလိုက်ရမှာကြောက်လို့ ပြေးကြပီဟု ဒေသခံတဦးထံက သိရသည်။ပီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့က မှော်တော်ရွာသို့တကြိမ်နှင့်မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့က ကျွန်းလည်ရွာသို့ တကြိမ် စကစရဟတ်ယာဥ် ဆင်းသက်ခဲ့ပီး ပြူစောထီးသင်တန်းဆင်းတဲ့လူတွေဆီ လက်နက်ပစ္စည်းလာရောက်ပေးအပ်ခဲ့တာလို့ ဒေသခံတွေဆီကတဆင့်သိရသည်။ပြူစောထီးသင်တန်းတက်ရောက်သူတွေဟာ သင်တန်းကာလ ၈ ရက်တက်ရတယ်လို့ သိရပါတယ်။

“သင်တန်းက ၈ ရက်ထဲတက်ရတာဆိုတော့ စစ်ပညာတက်၊မတက်တော့မသိဘူး ခိုးတာ လုတာ မီးရှို့တာလောက်တော့ တက်မှာသေချာတယ်”လို့ ဒေသခံတဦးက ရယ်လျက်ပြောပါတယ်။အလားတူ ကျွန်းလှမြို့ပေါ်တွင် လှုပ်ရှားလျက်ရှိသော ပြူစောထီးများမှာ NLD ထောက်ခံသူများနှင့် CDMဝန်ထမ်းတို့၏ နေအိမ်များကို လိုက်လံချိတ်ပိတ်တဲ့ ဖြစ်ရပ်တွေရှိတယ်လို့ ဒေသခံတွေထံမှ သိရသည်။ယခုလက်ရှိ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော စကစတပ်များထဲတွင် ပြူစောထီးများပိုမိုပါဝင်နေကြောင်း သိရှိရသည်။တန့်ဆည်မြို့နယ် ကျွန်းလည်ဘက်မှ ပြူစောထီးများဆိုလျင် ဒေသခံပြည်သူလူထုအပေါ် ပိုမိုအနိုင်ကျင့်လျက်ရှိကြောင်းသိရသည်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့က ထန်းကုန်းစံပြရွာရှိနေအိမ်တအိမ်ထံမှ ငွေကျပ် ၃၅သိန်းနှင့်အတူ စပါးရိတ်စက်၂လုံးအား ယူဆောင်ကာ ပြည်သူများ၏ စပါးခင်းများအား အတင်းအဓမ္မ ရိတ်သိမ်းခြင်းနှင့် ဇန်နဝါရီ ၂၄ ရက်နေ့က ညောင်ပင်ကြီးရွာတွင် စပါးဝယ်လာသော တန့်ဆည်မြို့နေ ပွဲစားမိသားစုအားရက်ရက်စက်စက် သတ်..ဖြတ်ခြင်းတို့မှာ ထင်ရှားသည်။

လွန်ခဲ့သော ၂ပတ်ခန့်က မှော်တော်ရွာဘက်မှ ပြူစောထီးများဆိုလျင် ဝါးရငယ်-ရွာသစ်ကျေးရွာရှိ ကြက်ခြံတခြံထံမှ ငွေကျပ်သိန်းတရာခန့်နှင့် တန်ဖိုးကြီးပစ္စည်းများ လုယက်ယူဆောင်ခဲ့သည်မှာလဲ ထင်ရှားသည်။ဇန်နဝါရီ ၂၂ရက်နေ့က ကန့်ဘလူမြို့နယ် ညောင်ပေါင်ရင်းရွာရှိ ပြည်သူတို့၏နေအိမ်များကိုဝင်ရောက်မီးရှို့ဖျက်စီးသော စကစတပ်စစ်ကြောင်းတွင် ပြူစောထီးများ ပါဝင်နေကြောင်းသိရှိရသည်။

ထို့အတူ ရီးဒွေးရွာတွင် တပ်စွဲထားသူများမှာ စခအနည်းငယ်နှင့် ရွာခံပြူစောထီးအမြောက်အများပင်ဖြစ်သည်။NLDထောက်ခံသည့်နေအိမ်အများအပြားကို မီးရှို့ဖျက်စီးထားသည့်အတွက် ကျေးရွာနေပြည်သူတို့မှာ အိုးပစ်အိမ်ပစ်ထွက်ပြေးနေကြရသည်မှာ ၂လခန့်ရှိပီဖြစ်ပီး မိမိတို့ပိုင်ဆိုင်သည့်လယ်ယာများမှ သီးနှံစပါးရိတ်သိမ်းခွင့်တောင် မရကြပေ။

မည်သို့ပင်ဆိုစေ ထိုနေရာဒေသတွင် ပြူစောထီးတို့မှာ အဖွဲ့လိုက်ဖြစ်စေ၊နှစ်ယောက်ထဲဖြစ်စေ နေ့စဥ်နှင့်အမျှ တနေရာနှင့်တနေရာ သေနတ်ကိုင်ဆောင်ကာ ယခင်ကထက်ပိုမိုသွားလာလျက်ရှိနေသည်။ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယင်းနေရာဒေသများမှာ တဖြည်းဖြည်းနှင့် နယ်မြေခံ PDF တို့၏ အကြီးမားဆုံးရန်သူ့နယ်မြေဖြစ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်လိုက်ရပါသည်။

#InfinityGroup @AdminTeam