ဗဟုသုတ

အိပ်ရာကနိုးနိုးချင်း ရေသောက်ရင် ရမယ့်အကျိုးကျေးဇူး (၄) ခု

သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေ လှပပါတယ်။

၁ – ခန္ဓာကိုယ်အဆိပ်

ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆိပ်အတောက်တွေကို ညဘက်မှာစွန့်ပစ်ထားပါတယ်။ မနက်အိပ်ရာထထချင်း ရေသောက်တဲ့အခါ ဝမ်းဗိုက်ထဲက အဆိုပါစွန့်ပစ်အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်သလိုပါပဲ။

၂ – အစာခြေစနစ်

မနက်အိပ်ရာ ထထခြင်းမှာ ဝမ်းဗိုက်ဟာ ဗလာဖြစ်နေပြီး ဒီအချိန်မှာ ရေသောက်ပေးတာဟာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

၃ – အသားအရေ

မနက်ခင်း ရေသောက်တဲ့အခါမှာလည်း ဝအောင်သောက်သင့်ပါတယ်။ ၅၀၀ ml လောက် သောက်သင့်တာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေ လှပပါတယ်။

၄ – ကျောက်ကပ် ကျောက်တည်ခြင်း

မနက်နိုးနိုးခြင်း ရေသောက်တာက ကျောက်ကပ် ကျောက်တည်တာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။မနက်ခင်းရေသောက်တာဟာသည်းခြေအိတ်မှာ ဖြစ်ပွားတဲ့ ရောဂါအများစုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

crd