ဗဟုသုတ

မနက်ခင်းမှာ ရေနွေးပုံမှန်သောက်ပေးခြင်းရဲ့ အကျိုးကျေးဇူး

ဘယ်သူကမှ အလျင်အမြန် အိုမင်းရင့်ရော်လာတာကို လိုချင်ကြမှာမဟုတ်ပါဘူး။ဒါပေမယ့်လည်း ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေကနေပြီးတော့အိုမင်းရင့်ရော်ခြင်းကို အလျင်အမြန် ဖြစ်ပေါ်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေစုပုံလာတဲ့အခါနာမကျန်းဖြစ်ခြင်းနှင့် အသက်အရွယ် ကြီးရင့်ခြင်းတို့ကိုဖြစ်စေပါတော့တယ်။

ရေနွေးဟာဆိုရင်ဒီလို ဒုက္ခပေးနိုင်တဲ့ခန္ဓာကိုယ်က အဆိပ်အတောက် တွေကိုဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင်အရေပြားဆဲလ်တွေကိုလည်းပြန်လည်အစားထိုးပေးနိုင်ကာ အရေပြားရဲ့ဆန့်ကျုံ့နိုင်တဲ့အစွမ်းကို တိုးမြှင်းပေးနိုင်တဲ့အထိအစွမ်းထက်တန်ဖိုးရှိတာဖြစ်ပါတယ်။

နာကျင်မှု့မျိုးစုံကို သက်သာပျောက်ကင်းစေနိုင်ပါတယ်

အမျိုးသမီးတွေ ဓမ္မတာလာချိန်နာကျင်တဲ့ ဝေဒနာကိုဖျောလျော့ပေးနိုင်တဲ့သဘာဝစွမ်းအင်ရှိတဲ့ဆေးကောင်းတစ်လက်ကလည်းရေနွေးဘဲဖြစ်ပါတယ်။အစာအိမ်ကြွက်သားတွေကို ကောင်းမွန်စေပြီး ဓမ္မတာလာစဉ်နာကျင်မှု့ကိုသက်သာပျောက်ကင်းစေနိုင်တာဖြစ်ပါတယ်။ဒီအချက်အပြင်ရေနွေးဟာနာကျင်ခြင်း၊ကြွက်တက်ခြင်းတို့နှင့် ဆိုင်တဲ့ ဝေဒနာ အများအပြားအတွက်လည်းအကျိုးသက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။ဆံခြည်မျှင်သွေးကြောကလေးတွေရဲ့သွေးလည်ပတ်အားကို ကောင်းစေပြီးတော့ ခန္ဓာကိုယ်ထဲက ကြွက်သားတွေကိုပြေလျော့စေနိုင်ပါသေးတယ်။

ကိုယ်အလေးချိန်ချတဲ့နေရာမှာလည်း အကူအညီပေးနိုင်ပါတယ်

သင့်အနေနဲ့ ဝိတ်ချဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့မနက်ခင်းမှာ ရေနွေးကိုဖန်ခွက်တစ်ခွက်ပုံမှန်သောက်ခြင်းဟာအကူအညီဖြစ်စေတယ်ဆိုတာကိုကြားဖူးကြမယ်ထင်ပါတယ်။ အဲ့တာ တကယ့်အမှန် ဖြစ်ပါတယ်။ ရေနွေးဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကိုတိုးစေပြီးတော့(တစ်နည်းအားဖြင့်ဆိုရရင်တော့ခန္ဓာကိုယ်ဇီ၀ ဖြစ်စဉ်ကို တိုးစေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်)ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးကာတစ်နေ့တာလောင်ကျွမ်းတဲ့ကယ်လိုရီပမာဏကိုပိုမိုများပြား လောင်ကျွမ်းစေနိုင်ပါတယ်။

အဆင်ပြေလို့ ရေနွေးကိုဖန်ခွက်တစ်ခွက်စာသောက်တဲ့နေရာမှ ာရှောက်သီး(သို့)သံပရိုသီး ထည့်သောက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီပိုတွေကို ပယ် ဖျက်ပေးနိုင်တဲ့အထိ အကျိုးအာနိသင်ရှိပါတယ်။ ရှောက်သီးမှာ အစာခံတဲ့အမျှင်ဓာတ်တွေ ပါဝင်တာကြောင့်ရေနွေးနှင့် ရှောက်သီးကိုရောသောက်ခြင်းဟာအစာစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါသေးတယ်။

အစာချေဖျက်ခြင်းကို တိုးမြှင့်စေနိုင်တယ်

ဒါတွေအပြင် မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ဖြစ်ခဲ့တယ်ဆိုရင်သင့်ရဲ့ အစာခြေဖျက်တဲ့စနစ်ကို ပုံမှန်လည်ပတ်စေနိုင်တာကြောင့်သင့်ရဲ့ ခန္ဓာကိုယ်ကိုအရင်ကထက်ပိုမိုကာ အစာခြေဖျက်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ဒီနေရာမှာပြောရရင်ရေခဲရေတွေဟာဒီစနစ်ကိုနှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ရေခဲရေတွေက သင်စားလိုက်တဲ့ အစားအစာထဲမှာပါတဲ့ ဆီနှင့်အဆီဓာတ်တွေကိုခိုင်မြဲအောင်ပြုလုပ်လိုက်လို့ဘဲ ဖြစ်ပါတယ်။

ဒီလိုပြုလုပ်တဲ့ ခိုင်မြဲသွားတဲ့အဆီတွေကို အစာခြေဖျက်ဖို့ အတွက်ခက်ခဲသွားစေနိုင်ပါတယ်။ဒါကြောင့် ရေခဲရေတွေသောက်မယ့်အစား ရေနွေးကိုသောက်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

သွေးလည်ပတ်အားကောင်းတယ်

အာရုံကြောစနစ်ထဲက စုပြုံသွားတဲ့အညစ်အကြေးတွေနှင့်ခန္ဓာကိုယ်ထဲအဆီဓာတ်အကြွင်းအကျန်တွေကိုရေနွေးတစ်ခွက်သောက်ယုံနှင့်ဖယ်ရှားပစ်လို့ရနိုင်တယ်ဆိုတာ သင်သိပါသလား။ သွေးလည်ပတ်အားကို ကောင်းသွားစေတာကြောင့် ခန္ဓာကိုယ်အနှံ့ တစ်လျှောက်မှာရှိတဲ့အဆိပ်အတောက်တွေကိုချက်ချင်းဆိုသလို ဖယ်ရှားပစ်ဖို့အတွက် အကူညီကောင်းရပါတယ်။ ကြွက်သားတွေဆုံးရှုံးသွားလို့ နာကျင်တာတွေ၊အညောင်းမိတာတွေနှင့် သွေးလည်ပတ်အားမကောင်းတာတွေ အကုန်လုံးကိုရေနွေးတစ်ခွက်ထဲနှင့် အဆင်ပြေသွားစေနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ကုသနိုင်တယ်

ဝမ်းချုပ်တဲ့အခါတွေမှာ နေမထိထိုင်မသာဖြစ်တာတွေ၊နေရတာအဆင်မပြေတာတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ဒါဟာ လူတိုင်းကြုံဖူးတဲ့သာမန်ပြသနာတွေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာလည်းဆိုတော့ အဲ့ဒီဝေဒနာခံစားရတဲ့လူအနေနဲ့ သူ့ရဲ့ အူမကြီးဟာလှုပ်ရှားမှု့နည်းသွားတာကြောင့် (သို့) လုံးဝမလှုပ်ရှား တော့တာကြောင့်ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာရေဓာတ်ပြတ်တောက်တဲ့အခါ၊ခမ်းခြောက်သွားတဲ့အခါတွေမှာမကြာခဏဖြစ်တက်ပါတယ်။တကယ်လို့များ သင့်ရဲ့ တစ်နေ့တာ မနက်ခင်းမှာဘာမှမစားရသေးခင်ရေနွေးတစ်ခွက်သောက်ပြီး စတင်လိုက်မယ်ဆိုရင်တော့အူမကြီးလှုပ်ရှားမှု့ကို တိုးမြှင့်ပေးပြီးတော့ ဝမ်းချုပ်တာတွေ၊ဝမ်းချုပ်ရင်ခံစားရတဲ့ဝေဒနာတွေကိုလျှော့ချပေးသွားနိုင်ပါတယ်။

ကောင်းကောင်းအိပ်စက်စေတယ်

အစာစားနေချိန် (အထူးသဖြင့် ညစာစားချိန်တွင်းမှာ) ရေနွေးတစ်ငုံစာလောက် ကြားဖြတ် သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနွယ်မှု့တွေကို ဖြေဖျောက်ပေးပြီးတော့ အာရုံကြောတွေကို အမှန်တကယ် ကောင်းမွန်စေပါတယ် ။ ဒီလိုကောင်းမွန်စေရင် ဘာဖြစ်မှာမို့လို့လည်းလို့ မေးလာရင်တော့ သင့်ကို ကောင်းမွန်စွာ အိပ်စက်အနားယူစေနိုင်ပြီးတော့နောက်တစ်နေ့မနက်မိုးလင်းနိုးထတဲ့အခါမှာ နုပျိုလန်းဆန်းမှု့ကို ခံစားရမှာဖြစ်ပါတယ်။

ကဲ ဒီလောက်ကောင်းတဲ့ရေနွေးကိုကော်ဖီဖျော်သောက်ယုံ၊လက်ဖက်ရည်ဖျော်သောက်ယုံဘဲအသုံးပြုကြတော့မလို့လား။အခုချိန်ကစပြီးတော့ခန္ဓာကိုယ်အ တွက် အားလုံးကောင်းစေတဲ့ ရေနွေးသောက်တဲ့ အလေ့အထကိုမွေးမြူလိုက်ကြရအောင်။

crd