Local News

မြို့မှာ အလုပ်ထွက်လုပ်နေတဲ့မိဘနှစ်ပါးကိုတွေ့ချင်သောကြောင့် ဘတ်စ်ကားရဲ့အောက်ဖက်မှာပုန်းခိုပြီး လိုက်ပါးစီးနင်ခဲ့ကြတဲ့ ညီအစ်ကို2ဦး

တရုတ်နိုင်ငံ ကျေးလက်ဒေသရှိ မိဘတွေဆီကထားခဲ့ခံရတဲ့ ကောင်လေးနှစ်ဦးဟာ အနီးအနားရှိမြို့မှာ အလုပ်လုပ်နေတယ်လို့ထင်နေတဲ့မိဘတွေကို သွားတွေ့ဖို့ ၃နာရီနီးပါးလောက် ဘတ်စ်ကားရဲ့အောက်မှာပုန်းရင်း လိုက်ခိုစီးခဲ့ကြပါတယ်။Guangxiအနောက်ပိုင်း Nazuoမြို့နယ်ကကျေးရွာတစ်ရွာမှာအခုလက်ရှိဆွေမျိုးတွေနဲ့အတူ နေထိုင်တဲ့ အဆိုပါ ၈နှစ်၊၉နှစ်အရွယ်ရှိညီအစ်ကိုနှစ်ဦးကို မိဘတွေက အလုပ်ကောင်းကောင်းရှာလုပ်နိုင်ဖို့ ဆွေမျိုးတွေဆီထားခဲ့တာပါ။

မိဘတွေကို သတိရတာကြောင့် အဆိုပါကောင်လေးတွေဟာ သူတို့မိဘတွေအလုပ်လုပ်နေတယ်လို့ထင်နေတဲ့Blaiseမြို့ကို သွားဖို့ အတန်းလစ်ကာ အဆိုပါမြို့ကိုဆိုက်ရောက်မဲ့ဘတ်စ်ကားရဲ့အောက်ပိုင်းမှာ ပုန်းရင်းလိုက်ခိုစီးခဲ့ကြပြီး၃၆ကီလိုမီတာ(၅၆မိုင်)နှုန်းဖြင့် ၃နာရီအကြာလိုက်စီးခဲ့ကြကြောင်း China Newsက ဖော်ပြထားပါတယ်။Blaiseမြို့ခရီးရဲ့သုံးပုံတစ်ပုံလောက်မှာ Xillinကောင်တီရှိဘူတာရုံလုံခြုံရေးဝန်ထမ်းတွေကသူတို့နှစ်ဦးကိုရှာတွေ့ခဲ့ပြီးကံကောင်းထောက်မစွာနဲ့ ဘာမှမဖြစ်ဘဲ တစ်ကိုယ်လုံးမှာရွံ့တွေသာပေနေခဲ့ကြပါတယ်။

ထို့နောက် အဝတ်အစားအသစ်တွေလဲပေးကာ အစားအစာတွေလည်းကျွေးခဲ့ပြီးနောက် သူတို့ကျောင်းက သူ့တို့ကို ခြေရာခံလိုက်နိုင်ခဲ့ပြီး ချက်ချင်းပြန်ခေါ်ဖို့ လူတစ်ဦးကို စေလွှတ်ခဲ့ကြကြောင်း Shanghaiistသတင်းအရ သိရပါတယ်။သူတို့မိဘတွေကို သွားတွေ့ဖို့ခရီးစဉ်ကအောင်မြင်သွားခဲ့ပေမဲ့ ဆွေမျိုးတွေကမိဘအိမ်နဲ့နီးကပ်စွာနေထိုင်နေရသလိုခံစားရအောင် မိဘတွေက Baiseမြို့မှာ အလုပ်လုပ်နေတယ်လို့ သူတို့ကိုတမင်လိမ်ပြောခဲ့ကြတာပါ။

တကယ်တော့ သူတို့မိဘတွေက Guangdongပြည်နယ်မှာ ရှိနေခဲ့ကြတာပါ။အဆိုပါညီအစ်ကိုနှစ်ဦးဟာ တရုတ်နိုင်ငံရဲ့မိဘတွေဆီက ထားခဲ့ခံရတဲ့သန်းပေါင်းများစွာသော ကလေးတွေထဲက အပါအဝင်ဖြစ်နေပါတယ်။

crd