Local News

အစ်ကိုကြီးအဖအရာပီသစွာ သူတပါးပေးခဲ့တဲ့အစားအစာကို မစားဘဲ ညီမငယ်လေးကိုကျွေးပြီး ပျော်ရွှင်နေခဲ့တဲ့ လမ်းဘေးက ကောင်လေးငယ်တစ်ဦး

အစ်ကိုကြီးအဖအရာပီသစွာ သူတပါးပေးခဲ့တဲ့အစားအစာကို မစားဘဲ ညီမငယ်လေးကို ကျွေးပြီး ပျော်ရွှင်နေခဲ့တဲ့ လမ်းဘေးက ကောင်လေးငယ်တစ်ဦး

ဆင်းရဲ့တဲ့အခြေအနေမျိုးတွေက ကလေးငယ်တွေအတွက် အထိခိုက်လွယ်ဆုံးဘဲဖြစ်ပါတယ်။ သူတို့ရဲ့မိသားစုတွေက အာဟာရပြည့်ဝတဲ့အစားအစာတွေကို ဝယ်ရန်မတတ်နိုင်ကြတာကြောင့် အာဟာရချို့တဲ့ ခြင်းခံရပါတယ်။ သူတို့ဟာ အဟာရမပြည့်ဝတဲ့အတွက် ကလေးတွေဟာ ရောဂါကူးစက်လွယ်ပါတယ်။

များသောအားဖြင့် ကလေးတွေက ကျောင်းထွက်ကြပြီး သူတို့ဟာ ရောင်းချသူတွေအဖြစ် အတင်းအကျပ်ခိုင်းစေခံရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်မနီလာမြို့ရှိ လမ်းပေါ်တွေမှ ာအစာတောင်းစားနေတဲ့ ကလေးငယ်များစွာကို တွေ့နိုင်တဲ့နေရာဘဲဖြစ်ပါတယ် ။ လူအများစုက ၎င်းကလေးတွေက ငွေများပေးရန် အတင် းအကျပ်‌တောင်းနေတာကြောင့် လူများကိုနှောက်ယှက်စေပြီး မောင်းထုတ်ခြင်းခံခဲ့ရတယ် လို့ သိရပါတယ်။

ကံကောင်းထောက်မစွာ Geo Tolentino Ringor နဲ့ သူမခင်ပွန်း John Bededict Ringor တို့ဟာ လမ်းပေါ်ရှိ ကလေးငယ်တစ်ဦး နဲ့တွေ့ဆုံခဲ့ပြီး ၎င်းတို့ကို အကောင်းဆုံးနည်းနဲ့ အံ့အားသင့်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့သူတို့ဇနီးမောင်နှံဟာမနီလာမြို့တော်ကတည်ရှိတဲ့ အဓိကဒေသ၁၇ ခုအနက်တစ်ခုဖြစ်တဲ့ Quezon City ရှိ Jollibee ဆိုင်ကို သွားခဲ့ကြပါတယ်။ Jollibee ဆိုင်ဟာ တိုင်းပြည်ရဲ့ အမြန်အစားအစာကွင်းဆက်ဖြစ်ပါတယ်။

၎င်းဆိုင်အပြင်ဘက်မှာ John Bededict က ကလေးတစ်ယောက်ဟာ အစာတောင်းစားနေတာကို သတိပြုမိခဲ့ပါတယ်။ ကလေးကို ပိုက်ဆံပေးမယ့်အစား John Benedict က သူ့ဇနီး Geo ကို ကောင်လေးအတွက် Jollibee မုန့်ညက် တစ်လုံးဝယ်ရန် ပြောလိုက်ပါတယ်။ အဲ့ဒီနောက် သူတို့ဇနီးမောင်နှံဟာ ထိုသူငယ်ကို အစာအစားပေးပြီးရင် သူကိုယ်တိုင်ချက်ချင်းစားလိမ့်မယ်လို့ ထင်နေကြပါတယ်။

Geo နဲ့ John Benedict တို့ ၎င်းဒေသမှ ထွက်ခွာသွားချိန်မှာ ထိုကောင်လေးသူငယ်နဲ့ သူ့ညီမလေး တို့နှစ်ဦးကို လမ်းပေါ်မှာ တွေ့လိုက်ပါတယ်။ ကလေးနှစ်ယောက်ဟာJollibee ဆိုင်ရဲ့ထွက်ပေါက်အနီးရှိကွန်ကရစ်အတားအဆီးတစ်ခုမှာထိုင်နေကြပါတယ်။ကောင်လေးကသူ့ညီမလေးကိုသူတို့ပေးတဲ့ အစားအစာနဲ့အစာကျွေးနေတာကို တွေ့ခဲ့ပါတယ်။

Geo က ကြည်နူးအားရစရာမြင်ကွင်းတစ်ခုရဲ့ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ ထိုသူငယ်က သူ့ညီမငယ်ကို တစ်ဇွန်းစာကျွေးပြီးနောက် ချက်ချင်းပင်သူ့ရဲ့မျက်နှာပေါ်မှာ ရွှင်လန်းနေပုံကို တွေ့မြင်ရပါတယ်။ ထိုကလေးသူငယ်ဟာ ငယ်ရွယ်ပေမဲ့ သူတို့ရဲ့ညီငယ်တွေအတွက်ကိုယ်ကျိုးစွန့်ဖို့အဆင်သင့်ရှိတယ်ဆိုတာကို ပြသနေပါတယ်။

crd