Local News

ငှားရမ်းခနဲ့ အခြားငွေတောင်းခံလွှာများသက်သာစေရန် ကိုယ်တိုင် သဲပုံရဲတိုက်ဆောက်လုပ်ပြီး ဘုရင်တစ်ပါးလိုနေထိုင်ခဲ့တဲ့ အမျိုးသား

ဘရာဇီးနိုင်ငံ၊ Rio de Janeiro ပြည်နယ်မှ Marcio Mizael Matiolas အမည်ရှိ အမျိုးသားတစ်ဦးကို ဒေသခံတွေက ‘King Marcio’ သို့မဟုတ် ‘Sandcastle King’ လို့ လူသိများနေကြပါတယ်။ လွန်ခဲ့တဲ့ ၂၂ နှစ်အတွင်း ၄၄ နှစ်အရွယ်ထိုအမျိုးသားဟာ အဆောင်အအုံကို နေထိုင်ခြင်းဖြင့် ငှားရမ်းခနဲ့ အခြားငွေတောင်းခံလွှာများကို ရှောင်ရှားခဲ့ပြီး de Tijuca သဲသောင်ပြင်ပေါ်ရှိ သဲပုံရဲတိုက်တစ်ခုမှာ နေထိုင်ခဲ့ပါတယ်။ Marcio ဟာ ကစားစရာသရဖူကိုပါ ဆောင်းထားခဲ့ပါတယ်။

Marcio က ” Guanabara ပင်လယ်အော်မှာ ကျွန်တော်ကြီးပြင်းခဲ့ပြီး ကမ်းခြေမှာဘဲ အမြဲနေခဲ့တယ်။ လူတွေကပင်လယ်ကမ်းခြေမှာ နေထိုင်ရဖို့အရေးကို မတန်တဆငှားရမ်းခတွေ ပေးကြတယ်၊ ငါမှာ ငွေတောင်းခံလွှာလည်းရှိပေမဲ့ ပင်လယ်ကမ်းခြေမှာ ကောင်းကောင်းကြီးနေထိုင်ရတယ်။ ” လို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ထို့အပြင် သူဟာ သဲပုံရဲတိုက်ကို ထိန်းသိမ်းဖို့အတွက် အမြဲတမ်းအလုပ်လုပ်ရန် လိုအပ်ကြောင်း၊ သူတို့တွေကို ပြိုလဲခြင်းမှကာကွယ်ရန်အတွက် ရေလောင်းဖို့အမြဲလိုအပ်တယ်လို့ သူက မျှဝေခဲ့ပါတယ်။

သူဟာ ၃စတုရန်းမီတာရှိတဲ့သဲပုံရဲတိုက်ကိုအိပ်ခန်းအဖြင့် ပြုလုပ်ခဲ့ပါတယ်။ သူရဲ့ပိုင်ဆိုင်မှုများဖြစ်တဲ့ စာအုပ်တွေလည်း ထားရှိခဲ့ပါတယ်။ကမ္ဘာလှည့်ခရီးသည်တွေက သူနဲ့ (သို့) သူ့ရဲ့ရဲတိုက်နဲ့ အတူဓာတ်ပုံရိုက်ခြင်စဖြင့် Marcio က ငွေရှာခဲ့ပါတယ်။ အဲ့ဒီအပြင် သူဟာ စာအုပ်များရောင်းချခြင်းဖြင့် ဝယ်ယူသူတွေကို “ သူတို့ကျိုးကြောင်းဆီလျော်တဲ့ မည်သည့်ဈေးနှုန်းမဆိုပေးကမ်းရန်” တောင်းခံခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ၎င်းကုန်တိုက်တစ်ခုက ရံဖန်ရံခါအလှဆင်သဲမျက်နှာပြင်များပြုလုပ်ရန် သူ့ကို အမိန့်ပေးခဲ့ပါတယ်၊

Marcio ရဲ့အဆိုအရ တစ်ခုတည်းသောအားနည်းချက်မှာ နွေရာသီရဲ့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်ခြင်းဘဲဖြစ်ပါတယ်။ အပူပိုင်းမုန်တိုင်းက ၎င်းဧရိယာကိုတိုက်ခတ်တဲ့အခါတိုင်း သဲပုံရဲတိုက်ကိုပြန်လည်တည်ဆောက်ရန်လိုအပ်ပါတယ်လို့ Marcio ကဆိုခဲ့ပါတယ်။ သို့ပေမဲ့Macio က ထိုဒေသမှာ ကျော်ကြားမှုအဖြစ်နေထိုင်ရန် စိတ်ပိုင်းဖြတ်ထားပါတယ်။ ထို့အပြင် သူဟာ ကမ်းခြေရှိ သဲစကိတ်အိမ်ကို ပထမဆုံးပြုလုပ်တဲ့ သူလည်းဖြစ်ပါတယ်။

Zawgyi

အဆောက်အအုံ ငှါးရမ်းခသက်သာစေရန် ကိုယ်တိုင် သဲပုံရဲတိုက်ဆောက်လုပ်ပြီး ဘုရင်တစ်ပါးလိုနေထိုင်ခဲ့တဲ့ အမျိုးသား





crd