ဗဟုသုတ

“သစ်သားနဲ့သာ တည်ဆောက်ထားပြီး အထပ်ပေါင်း (၂၄) ထပ်မြင့်တဲ့ စံအိမ်ကြီး”(ရုပ်သံ)

မင်္ဂလာနံနက်ခင်းပါ။

ဗဟုသုတရစရာတစ်ခုခုတင်ပေးရင်း ဒီနေ့တင်ချင်တာကတော့ ကွေ့ကျိုးက ရိုးရာဘုံမြင့်စံအိမ်ကြီးပုံပါ။

ဒီစံအိမ်ကြီးကို သစ်သားနဲ့တည်ဆောက်ခဲ့ပြီး အထပ် ၂၄ ထပ်မြင့်ကာ ၉၉•၉ မီတာမြင့်ပါတယ်။

အခန်းပေါင်း ၁၅၀ ကျော်ပါဝင်ကာ ထင်းရှူးသစ်သား၊ သစ်ခေါက်တွေနဲ့ တရုတ်ရိုးရာဗိသုကာပညာကိုသုံးပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။

ကွေးကျိုးကဗိသုကာပညာရှင်တွေဟာ အဆောက်အဦးဆောက်တာတော်ကြပါတယ်။

အခုတရုတ်ရိုးရာသစ်သားစံအိမ်ကြီးဟာ Dushan county Yingshan မြို့မှာတည်ရှိပါတယ်။

ရုပ်သံကြည့်ရန်

ဗိသုကာပညာရှင် Shui Hang က ၃ နှစ်ကြာဒီဇိုက်းထုတ်ကာ ၂ နှစ်ကြာအောင်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

Richard Myo Thant

28-January -2022