Local News
အမေများနေ့မှာ သခင်ဖြစ်သူကို ထိုင်ပြီး ရှိခိုးကန်တော့ခဲ့တဲ့ ခွေးလေး
ခွေးလေးတွေဟာ လူတွေရဲ့အကောင်းဆုံး မိတ်ဆွေဖြစ်သလို ၊ သိတတ်နာလည်လွန်းလှတဲ့ တိရစ္ဆာန်လေးတွေပါ ။ ဒီတစ်ခေါက်မှာလည်းထိုင်းနိုင်ငံရဲ့ အမေများနေ့မှာ ကလေးတွေဟာ သူတို့ရဲ့မိခင်ကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ ထိုင်ရှိခိုးကန်တော့ပြီး ၊ လက်ဆောင်များပေးကာ မိခင်ကိုရိုသေလေးစားကြောင်း ဖော်ပြခဲ့ကြပါတယ် ။
ဒီတစ်ခေါက်မှာလည်း Wipavee Manitpongsakul အမည်နဲ့ facebook အသုံးပြုသူမိန်းကလေးက သူမရဲ့မိခင်ကို အမေများနေ့မှာရှိခိုးကန်တော့နေစဉ် သူမရဲ့ခွေးလေး Mil ကလည်း သူမနဲ့အတူမိခင်ကိုကန်တော့ခဲ့ကြောင်းဝေမျှခဲ့ပါတယ် ။ Milo ဟာ 4 နှစ်သားအရွယ်ခွေးလေးဖြစ်ပြီး၊သူ့ကိုအမြဲကြည့်ရှုစောင့်ရှောက်ပေးသူကို မိခင်လို့ သတ်မှတ်ထားပုံပါပဲ ။ အဆိုပါ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် ချစ်ဖို့ကောင်းလွန်းတဲ့ Milo ရဲ့အပြုအမှုကို လူအတော်အများက ချီးကျူးစကားဆိုခဲ့ကြပါတယ် ။
Zawgyi
crd