Local News

ခေါင်းတလား review video ကို ရိုက်ကူးပေးခဲ့ပြီး ၊ ခေါင်းတလားဆိုင် ရောင်းအားတက်အောင် ကူညီပေးခဲ့တဲ့ အမျိုးသား

ခေါင်းတလား review video ကို ရိုက်ကူးပေးခဲ့ပြီး ၊ ခေါင်းတလားဆိုင် ရောင်းအားတက်အောင် ကူညီပေးခဲ့တဲ့ အမျိုးသား

Nonts Khawpod-on အမည်ရှိတဲ့အမျိုးသားဟာ Pathum Thani ဒေသမှာရှိတဲ့ ခေါင်းတလားအရောင်းဆိုင်မှကြော်ငြာvideo ရိုက်ကူးပေးခဲ့ပြီး ‘ သူတို့ထဲက အကောင်းဆုံးကို ဘယ်လိုရွေးရမလဲဆိုတာ သင်ဘယ်လိုသိနိုင်ပါသလဲ ‘ဆိုတဲ့ခေါင်းစဉ်နဲ့ video ဝေမျှသွားခဲ့ပါတယ် ။Videoထဲမှာတော့ Nonts ဟာ ထိုင်းလူမျိုးတွေရဲ့ရိုးရာအတိုင်း လူသေအလောင်းပုံစံ ခေါင်းတလားထဲမှာဝင်နေပြီး သဂြိုဟ်တဲ့ပုံစံ သရုပ်ဆောင်နေခဲ့တာပါ ။

သူ့ရဲ့ video ဟာ အခြားသူတွေနဲ့ကို အတော်လေးကွဲပြားနေပြီး သေဆုံးနေတဲ့ပုံစံကိုကြည့်ရှုရတာ ကြောက်ရွံစရာမကောင်းဘဲ ၊ သဘာဝတရားသာဖြစ်ကြောင်း ရှင်းလင်းမြင်သာစွာဖော်ပြခဲ့ပါတယ် ။ သူ့ရဲ့ video ကြောင့် ခေါင်းတလားဆိုင် အတော်လေးရောင်းအားတက်ခဲ့ပြီး၊ဖောက်သည်အသစ်တွေရရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။

ဒီလိုထူးထူးဆန်းဆန်းအရာမျိုးကို လုပ်ပြတာက Nonts ရဲ့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး ။ အရင်ချိန်တုန်းကလည်း သူကိုယ်တိုင်သေဆုံးခဲ့တဲ့ပုံနဲ့ ဓာတ်ပုံတွေကို ဖြတ်ကပ်ညှပ်လုပ်ပြီး Facebook စာမျက်နှာပေါ် ဝေမျှခဲ့သေးကြောင်းသိရှိရပါတယ် ။

Zawgyi





crd