ဗဟုသုတ

သိကြားမင်းက နေ့စဉ်ရှိခိုးရသည့် လူ (၄) ဉီး

သိကြားမင်းက အောက်ပါအကျင့်သီလနဲ့ ပြည့်စုံသူများကို နေ့စဉ်ရှိခိုးလေ့ရှိပါတယ်။

၁။ ကြာမြင့်စွာ ကာလကတည်းက မြတ်သောအကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်များ

၂။ ပရဟိတစိတ်ရှိပြီး ဒါနဝတ်ရှိတဲ့ လူဝတ်သူတောင်စင်များ။

၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ။

၄။ တရားသဖြင့် ရှာဖွေပြီး မိဘ၊ သားမယားကို ပြုစုလုပ်‌ေကျွးသူများ။

(လင်ဝတ်၊ မယားဝတ်၊ သားသမီး ဝတ်၊ မိဘဝတ် ကျေပွန်သူများ) မိသားစုဘဝလေးကိုစင်စင်ကြယ်ကြယ်နဲ့ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သူများကို သိကြားမင်း ရှိခိုးသတဲ့။ အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်။

သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကိုရှိခိုးလေ့ရှိသတဲ့။ယနေ့ခတ်ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်။

သူတို့တွေဟာ ကျောင်းကိုပဲသွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲသွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိကြသည်။

သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏ တပည့်ကောင်းများ နည်းတူ အပြင် ထွက်ခါနီး လက်အုပ်ချီရှိခိုးလေ့ရှိသည်။ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိ နတ်သားက “အရှင်သိကြားမင်းကြီး၊ ဘယ်သူ့ကို ဘယ် အကြောင်းကြောင့် ရှိခိုးနေတာလဲ။

တကယ်ဆို မြေပြင်ရှိ ဝိဇ္ဇာသုံးပါး အဘိညာဏ်များ ရရှိပြီးသူများနှင့်ရေမြေတောတောင်ကိုအစိုးရတဲ့ဘုရင်တွေကအရှင်နတ်မင်းကြီးကိုရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာ နတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊

ရှိခိုးကြရတယ် မဟုတ်လား” ဟု မေးတော့သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး၊ ရဟန်းသူတော်စင်လူသူတော်စင်များ ဖြစ်ကြတယ်” ဟု အထက်ပါ ရှိခိုးခံထိုက်သူများကိုစာရင်းလုပ်ထုတ်ပြလေသည်။ကိုယ့်သားကိုယ့်မယားကို သမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့်အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့ အချိန်သည် ကောင်းကင် သိကြားမင်း၏ ရှိခိုးမှု ကို ခံထိုက်နေသူဟူ၍မှတ်။

ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန်၊ အလှူဒါနပြုနေတဲ့ အချိန် တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုက်တန်တဲ့အချိန်ဟူ၍ မှတ်ကြရန် သိကြားမင်းက ပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားမင်း ရှိခိုးခံထိုက်ရုံသာမက ပညာရှိ သူတော်ကောင်းတို့ကပါ ချီးမွမ်းထောပနာပြုကြသည်။ အယုံအကြည်ရှိကြသည်။ မြတ်နိုးကြသည်။ ပူဇော် ကြသည်။ ဖြစ်လေရာရာ ဘဝတိုင်းမှာလည်း ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။

သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေး ချီးမွမ်းထိုက်သောထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်းလက်ရှိဘဝမျာလည်းပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘဝတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။

(သံယုတ်ပါဠိတော်၊ ပဌမတွဲ၊ သက္ကသံယုတ်၊ ဒုတိယဝဂ္ဂ၊ ၈ ခုမြောက်၊ ဂဟဠဝန္ဒနာသုတ်၊ ပုဒ်ရေနံပါတ်-၂၆၃၊ စာမျက်နှာ ၂၃၅-၂၃၆ထိ) ကိုးကား၍ ရေးသားပါသည်။

Credit

(Zawgyi)

သိကြားမင်းက နေ့စဉ်ရှိခိုးရသည့် လူ (၄) ဉီး

သိကြားမင်းက အောက်ပါအကျင့်သီလနဲ့ ပြည့်စုံသူများကို နေ့စဉ်ရှိခိုးလေ့ရှိပါတယ်။

၁။ ကြာမြင့်စွာ ကာလကတည်းက မြတ်သောအကျင့်ရှိကြတဲ့ ရဟန်းသူတော်စင်များ

၂။ ပရဟိတစိတ်ရှိပြီး ဒါနဝတ်ရှိတဲ့ လူဝတ်သူတောင်စင်များ။

၃။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည်အားဖြင့် အကျင့်သီလ ရှိကြတဲ့ လူဝတ်သူတော်စင်များ။

၄။ တရားသဖြင့် ရှာဖွေပြီး မိဘ၊ သားမယားကို ပြုစုလုပ်‌ကျွေးသူများ။

(လင်ဝတ်၊ မယားဝတ်၊ သားသမီး ဝတ်၊ မိဘဝတ် ကျေပွန်သူများ) မိသားစုဘဝလေးကိုစင်စင်ကြယ်ကြယ်နဲ့ပျော်ရွှင်မှုကိုဖန်တီးပေးနိုင်သူများကို သိကြားမင်း ရှိခိုးသတဲ့။ အပြင်ထွက်လျှင် မိဘကို ရှိခိုးသွားသင့်။

သိကြားမင်းက သူ၏နေရာ ဘုံဗိမာန်ကနေ အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ရှိခိုးသင့်တဲ့သူတွေကိုရှိခိုးလေ့ရှိသတဲ့။ယနေ့ခတ်ဗုဒ္ဓဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ ဆိုတာထက် ဘာသာစိတ် အသိစိတ်ရှိတဲ့သူတွေဆိုရင် ပိုမှန်မည်ထင်သည်။

သူတို့တွေဟာ ကျောင်းကိုပဲသွားသွား၊ သင်တန်းကိုပဲ သွားသွား၊ အလုပ်ကိုပဲ သွားသွား၊ ခရီးကိုပဲသွားသွား၊ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီဆိုရင် ဘုရားခန်းက ဗုဒ္ဓမြတ်စွာရယ်၊ အမေ အဖေတို့ကိုပါ ကျကျနန ရှိခိုးပြီးမှ သွားလေ့ရှိကြသည်။

သိကြားမင်းသည်လည်း ထိုနည်းတူစွာပင် ဗုဒ္ဓ၏ တပည့်ကောင်းများ နည်းတူ အပြင် ထွက်ခါနီး လက်အုပ်ချီရှိခိုးလေ့ရှိသည်။ ထိုသို့ရှိခိုးနေတာကို မြင်တော့ တပည့်ဖြစ်သူ မာတလိ နတ်သားက “အရှင်သိကြားမင်းကြီး၊ ဘယ်သူ့ကို ဘယ် အကြောင်းကြောင့် ရှိခိုးနေတာလဲ။

တကယ်ဆို မြေပြင်ရှိ ဝိဇ္ဇာသုံးပါး အဘိညာဏ်များ ရရှိပြီးသူများနှင့်ရေမြေတောတောင်ကိုအစိုးရတဲ့ဘုရင်တွေကအရှင်နတ်မင်းကြီးကိုရှိခိုးကြရပါတယ်။ ဝေဟင်ပြင်ရှိ နတ်မင်းကြီး လေးယောက်နှင့် နတ်အပေါင်းတို့ကို အစိုးရသော တာဝတိံသာ နတ်မင်းတို့ကပါ အရှင်နတ်မင်းကြီးကို ရိုသေပေးကြရတယ်၊

ရှိခိုးကြရတယ် မဟုတ်လား” ဟု မေးတော့သိကြားမင်းက “ငါ ရှိခိုးနေတဲ့သူတွေက တခြားမဟုတ်ဘူး၊ ရဟန်းသူတော်စင် လူသူတော်စင်များ ဖြစ်ကြတယ်” ဟုအထက်ပါရှိခိုးခံထိုက်သူများကိုစာရင်းလုပ်ထုတ်ပြလေသည်။ကိုယ့်သားကိုယ့်မယားကိုသမ္မာအာဇီဝဖြင့် ပြုစုလုပ်ကျွေးနေချိန်၊ ကိုယ့်အမိအဖကို ပြုစုလုပ်ကျွေးနေတဲ့ အချိန်သည် ကောင်းကင် သိကြားမင်း၏ ရှိခိုးမှု ကို ခံထိုက်နေသူဟူ၍မှတ်။

ငါးပါးသီလ လုံတဲ့နေ့သည် သိကြားမင်း၏ ရှိခိုးခြင်းကို ကောင်းကောင်းကြီး ထိုက်နေတဲ့ အချိန်ဟူ၍မှတ်။ ပေးကမ်းနေတဲ့အချိန်၊ စွန့်ကြဲနေတဲ့အချိန်၊ အလှူဒါနပြုနေတဲ့ အချိန် တိုင်းသည်လည်း သိကြားမင်း ရှိခိုးခြင်းကို ထိုက်တန်တဲ့အချိန်ဟူ၍ မှတ်ကြရန် သိကြားမင်းက ပြောသည်။

ထိုကဲ့သို့သော အလုပ်မျိုးကို သိကြားမင်း ရှိခိုးခံထိုက်ရုံသာမက ပညာရှိ သူတော်ကောင်း တို့ကပါ ချီးမွမ်းထောပနာပြုကြသည်။အယုံအကြည်ရှိကြသည်။ မြတ်နိုးကြသည်။ ပူဇော် ကြသည်။ ဖြစ်လေရာရာ ဘဝတိုင်းမှာလည်း ထိုသူပြုအပ်သော အလုပ်တွေကပဲ ပြန်လည် ကြိုဆိုကြပါလိမ့်မည်။

သိကြားမင်းနှင့် သူတော်ကောင်းများ အရိုအသေပေး ချီးမွမ်းထိုက်သော ထိုအလုပ်များကို ပြုလုပ်ထားသူသည်လည်း လက်ရှိဘဝမျာလည်း ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာစွာ နေရသလို ဘဝတိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပါလိမ့်မည်။ ကိုယ်လုပ်ခဲ့သော အလုပ်ကို တွေးမိလေတိုင်းလဲ ပီတိတွေ လှိုင်လှိုင်ဖြစ်ရပါလိမ့်မည်။