News

ဂျပန်ကမ်းခြေမှာ ရုတ်တရက် အအေးလှိုင်းဖြတ်မှုကြောင့် ပင်လယ်ထဲကငါးများ အေးခဲသွား

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး ကမ်းခြေမှာ ဇန်နဝါရီလ ၂၂၊၂၃ ရက်နေ့တို့တွင် အအေးဓါတ်လွန်ကဲပြီး ရေအေးခဲမှုကြောင့် ဆာဒင်းငါးမြောက်များစွာ သေဆုံးကုန်ပါတယ်။

အနီးအနားကလူတွေ ငါးတွေလာကောက်နေကြခြင်းဖြစ်ပါတယ်။ အဆိုပါငါးတွေဟာပင်လယ်ထဲမှာ အအေးဓါတ်ရေခဲအမှတ်အောက် ၆ဒီဂရီ စင်တီဂရိတ် အထိသာအသက်ရှင်နေနိုင်ကြပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် ပင်လယ်ရေအေးများ ရောက်ရှိလာပြီး အပူချိန် ထိုးကျသွားတာကြောင့် ငါးအုပ်လိုက် သေဆုံးမှု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်များက ပြောထားပါတယ်။

ဟော့ကိုင်းဒိုး ငါးလုပ်ငန်းကတော့ အခြေအနေတွေ ဘာမှမသိခင်မှာ အဆိုပါ ဆားဒင်းငါးတွေကို မစားသင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကတော့ ယခုလို ဖြစ်ရပ်မျိုး ၃၊၄နှစ်တကြိမ် ကြုံဖူးကြောင်း၊ အပူချိန် ကျဆင်းမှုကြောင့်ဖြစ်ကြောင်း၊

သဘာဝ ရေခဲသေတ္တာလို ဖြစ်နေတာကြောင့် အဆိုပါ ငါးများကို စားသောက်လို့ရကြောင်း ပြောသွားပါတယ်။

သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် အအေးလှိုင်းဖြတ်ပြီး ရာသီဥတု ရုတ်တရက် ပြောင်းလဲကာ တိရစ္ဆာန်များ သေဆုံးခြင်း ဖြစ်နိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက ခန့်မှန်းပြောကြားနေပါတယ်။

Crd…

ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုး ကမ်းခြေမှာ ဇန်နဝါရီလ ၂၂၊၂၃ ရက်နေ့တို့တွင် အအေးဓါတ်လွန်ကဲပြီး ရေအေးခဲမှုကြောင့် ဆာဒင်းငါးမြောက်များစွာ သေဆုံးကုန်ပါတယ်။

အနီးအနားကလူတွေ ငါးတွေလာကောက်နေကြခြင်း ဖြစ်ပါတယ်။ အဆိုပါငါးတွေဟာ ပင်လယ်ထဲမှာ အအေးဓါတ် ရေခဲအမှတ်အောက် ၆ဒီဂရီ စင်တီဂရိတ် အထိသာအသက်ရှင်နေနိုင်ကြပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့်ရုတ်တရက် ပင်လယ်ရေအေးများရောက်ရှိလာပြီးအပူချိန်ထိုးကျသွားတာကြောင့်ငါးအုပ်လိုက်သေဆုံးမှု ဖြစ်နိုင်တယ်လို့ ကျွမ်းကျင် ပညာရှင်များက ပြောထားပါတယ်။