ဗဟုသုတ

အားလုံးက သူတောင်းစားလို့ ထင်ထားတဲ့ အဖိုးအို ဆုံးသွားပြီး မှ သိန်းပေါင်းမြောက်များစွာ လှူခဲ့သူဖြစ်နေလို ့အံသြခဲ့ရတဲ့အဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့က အဖိုးအို တစ်ဦးဟာ မြို့ပေါ်မှာ အ လှူလိုက်ခံပြီးအလှူခံရရှိငွေနဲ့ RCကွန်ကရစ် ဘုန်းကြီးကျောင်းဆောင်သစ်အပြင် အခြား ဘာသာရေး ဆိုင်ရာ လှူဒါန်းမှူ တွေပြုလုပ်ခဲ့ပြီး သေဆုံးသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့ သိန်းပေါင်းများစွာ လှူဒါန်းထားတဲ့ သဒ္ဒါ တရားတွေကြောင့် အံ့အားသင့် စရာတွေဖြစ်နေကြရပါတယ်။

ပန်းတနော် မြို့ပေါ်က လူတွေ မြင်တွေ့ခဲ့ဖူးတာက ဒီလူကြီးဟာ တောင်းရမ်းစားသောက်သူကြီးတစ်ဦးအနေနဲ့သာဖြစ်တယ်လို့ဆိုပါတယ်။အများအမြင်တောင်းရမ်းစားသောက်နေသူလို့ ထင်မြင် ယူဆနေတဲ့ အဖိုးအိုဟာပန်းတနော်မြို့နယ်ရွှေမြင်တင် စေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်ကျွန်းကြီးရွာဇာတိဖြစ်ပြီး ဖခင်ဦးဖိုးနှစ် အမိဒေါ်မေရင်မိဘနှစ်ပါမှမွေးဖွားခဲ့သူဖြစ်ပါတယ်။မွေးချင်းခုနစ်ဦးရှိပြီး ဒုတိယမြောက်သားဖြစ်ကာ အမည်က ဦးခင်မြင့် ဆိုသူ ဖြစ်ပါတယ်။

သူဟာ လမ်းလျှောက်သွားနိုင်တဲ့ကာလမှာ အလှူလိုက်ခံခဲ့ပြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်လာချိန်မှာတော့ ဆိုက္ကားငှါးပြီးသွားလာရတဲ့အချိန်အထိ ပန်းတနော်မြို့မဈေး ရဲ့ လမ်းဘေးတွေမှာ ထိုင်ပြီး အလှူခံခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်အသက်အရွယ်ကြောင့်ကျန်းမာရေးချို့တဲ့လာချိန် ပုခန်းဘုန်းတော်ကြီး ကျောင်းသို့ရောက်သွားခဲ့ရပါတယ်။ ပုခန်းကျောင်း ဆရာတော်ကြီးက အဖိုးအိုနားမှာ ရဟန်းတစ်ပါးကိုအနီးကပ် ထားစေပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါတယ်။

ကျန်းမာရေးချို့ယွင်းလာတဲ့ အဖိုးအိုဦးခင်မြင့်ဟာ ပန်းတနော်မြို့မဈေးဆီ အလှူခံထွက်တာတွေ မပြုလုပ်နိုင်တော့ဘဲ ပုခန်းဘုန်းကြီးကျောင်း နတ်လမ်းဘေးမှာပဲ တုန်တုန်ရီရီနဲ့ ဆက်လက် အလှူခံတာတွေပြု လုပ်ခဲ့ပါတယ်။အလှူခံလို့ ရသမျှ ငွေကြေးတွေကို စုဆောင်းပြီး ပုခန်းကျောင်းဂေါပကလူကြီးနဲ့ ဆရာတော်ကြီးထံအပ်နှံထားခဲ့ တာဖြစ်ပါတယ်။အဖိုးအို ဦးခင်မြင့်ဟာ အလှူခံစုဆောင်းထားတဲ့ငွေတွေထဲကကျပ်လေးသိန်းခွဲထုတ်ပြီးရွှေမျိုးသားချင်းတစ်ဦးကနေတဆင့် အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာက ဘုရားလေးဌာနအတွက် ပေးပို့လှူဒါန်းစေခဲ့ပါတယ်။

ဒါ့အပြင် နဂါးရုံဘုရား၊ဝိပဿနာ ရက်တစ်ရာတရားစခန်း၊ မန္တလေးမြောက်ပြင် ပစ္စယံရှုပါရုံဘုန်းတော်ကြီးကျောင်းတွေမှာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပုခန်းကျောင်း ဂေါပက လူကြီး ဦးမောင်မောင်ဆွေကပြောပြပါတယ်။ ဒါတင်မကသေးပဲ တစ်ဦးတည်းအလှူခံရရှိသမျှ ကျန်ငွေနဲ့ ကျောင်းဆောင်သစ် လှူဒါန်းလိုတဲ့အကြောင်း ပုခန်းကျောင်း ဆရာတော် ဦးပညာသာမိထံ ခွင့်ပြုချက် တောင်းခံလျှောက်ထားခဲ့ပါသေးတယ်။

ဆရာတော်ခွင့်ပြုချက်နဲ့ ပုခန်းဘုန်းကြီးကျောင်းအတွင်းမှာ ကျပ်သိန်းတစ်ရာကျော်နဲ့ RC ကွန်ကရစ် တစ်ထပ်ကျောင်းဆောင် သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။မြန်မာသက္ကရာဇ် ၁၃၇၈ ခုနစ် ဝါဆိုလပြည်နေ့ ဘုန်းကြီးကျောင်းဆောင်သစ်ရေစက်ချတဲ့အခါကလေးတွေနဲ့လူကြီးတွေ၊ရဟန်းသံဃာတွေနဲ့ သီလရှင် ဆရာလေးတွေ ကျောင်းသား/သူတွေနဲ့ ဝန်ထမ်းတွေအနီးအဝေးကစေတနာရှင်အလှူရှင်တွေဆီက၊ငါးမူးတစ်ကျပ်ကနေစတင်စုဆောင်းရရှိငွေနဲ့ ကျောင်းဆောင်သစ်လှူဒါန်း ရတာ ဖြစ်ကြောင်း ၊အလှူငွေထည့်ပေးသူအားလုံးဟာ ဆွမ်းအလှူ ရှင်တွေ ၊ ဘုရားအလှူရှင်တွေအပြင်ဘုန်းကြီးကျောင်းဆောင် သစ်အလှူရှင်တွေဖြစ်ကြောင်း၊သူ မကွယ်လွန်ခင်ပြောပြခဲ့တဲ့ အခါမှာတော့ ကြားရသူအပေါင်း အံ့သြတုန်လှုပ်မိခဲ့တယ်လို့ အနီး ကပ်ပြုစုစောင့်ရှောက်သူ ဦးဇင်း(ဦးသောမ)ကပြောပြပါတယ်။

ကျောင်းဆောင်သစ်ရေစက်ချလှူဒါန်းပြီးနောက်နှစ်နစ်အကြာ အသက် ၁၀၃ နှစ်အရွယ် အဖိုးအိုဦးခင်မြင့်ဟာ ပုခန်းဘုန်းတော်ကြီး ကျောင်းမှာပဲ ကွယ်လွန်ခဲ့သွားခဲ့ပါတယ်။အဖိုအိုသေဆုံးပြီးတစ်ကျော်ကြာသည့်အခါမှာတော့တောင်းရမ်းစားသောက်သူကြီးလို့ထင်မြင်ယူဆထားသူတွေကဦးခင်မြင့်ကိုသဒ္ဒါတရားထက်သန်တဲ့ အဖိုးအို၊ဘုရားနဲ့ ဘုန်းကြီးကျောင်းအလှူရှင်ကြီးအဖိုးအို၊ ကျေးဇူးကြီးမားလှတဲ့အဖိုးအိုအဖြစ် အသိအမှတ်ပြုကာ သံဝေဂ တရားများရရှိခဲ့တယ်လို့မှတ်ချက်ပြုကြပါတော့တယ်။

ZAWGYI

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့က အဖိုးအို တစ်ဦးဟာ မြို့ပေါ်မှာ အ လှူလိုက်ခံပြီး အလှူခံရရှိငွေနဲ့ RCကွန်ကရစ်ဘုန်းကြီးကျောင်းဆောင်သစ်အပြင် အခြား ဘာသာရေး ဆိုင်ရာ လှူဒါန်းမှူ တွေပြုလုပ်ခဲ့ပြီး သေဆုံးသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့ သိန်းပေါင်းများစွာ လှူဒါန်းထားတဲ့ သဒ္ဒါ တရားတွေကြောင့် အံ့အားသင့် စရာတွေဖြစ်နေကြရပါတယ်။

ပန်းတနော် မြို့ပေါ်က လူတွေ မြင်တွေ့ခဲ့ဖူးတာက ဒီလူကြီးဟာ တောင်းရမ်းစားသောက်သူကြီးတစ်ဦးအနေနဲ့သာဖြစ်တယ်လို့ဆိုပါတယ်။အများအမြင်တောင်းရမ်းစားသောက်နေသူလို့ ထင်မြင် ယူဆနေတဲ့ အဖိုးအိုဟာပန်းတနော်မြို့နယ်ရွှေမြင်တင် စေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်ကျွန်းကြီးရွာဇာတိဖြစ်ပြီး ဖခင်ဦးဖိုးနှစ် အမိဒေါ်မေရင်မိဘနှစ်ပါမှမွေးဖွားခဲ့သူဖြစ်ပါတယ်။မွေးချင်းခုနစ်ဦးရှိပြီး ဒုတိယမြောက်သားဖြစ်ကာ အမည်က ဦးခင်မြင့် ဆိုသူ ဖြစ်ပါတယ်။

သူဟာ လမ်းလျှောက်သွားနိုင်တဲ့ကာလမှာ အလှူလိုက်ခံခဲ့ပြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်လာချိန်မှာတော့ ဆိုက္ကားငှါးပြီးသွားလာရတဲ့အချိန်အထိ ပန်းတနော်မြို့မဈေး ရဲ့ လမ်းဘေးတွေမှာ ထိုင်ပြီးအလှူခံခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက်အသက်အရွယ်ကြောင့် ကျန်းမာရေးချို့တဲ့လာချိန် ပုခန်းဘုန်းတော်ကြီး ကျောင်းသို့ရောက်သွားခဲ့ရပါတယ်။ ပုခန်းကျောင်း ဆရာတော်ကြီးက အဖိုးအိုနားမှာ ရဟန်းတစ်ပါးကိုအနီးကပ် ထားစေပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပါတယ်။

ကျန်းမာရေး ချို့ယွင်းလာတဲ့ အဖိုးအို ဦးခင်မြင့်ဟာ ပန်းတနော်မြို့မဈေးဆီ အလှူခံထွက်တာတွေ မပြုလုပ်နိုင်တော့ဘဲ ပုခန်းဘုန်းကြီးကျောင်းနတ်လမ်းဘေးမှာပဲ တုန်တုန်ရီရီနဲ့ ဆက်လက် အလှူခံတာတွေပြု လုပ်ခဲ့ပါတယ်။အလှူခံလို့ ရသမျှငွေကြေးတွေကို စုဆောင်းပြီးပုခန်းကျောင်းဂေါပကလူကြီးနဲ့ ဆရာတော်ကြီးထံအပ်နှံထားခဲ့ တာဖြစ်ပါတယ်။

အဖိုးအို ဦးခင်မြင့်ဟာ အလှူခံ စုဆောင်းထားတဲ့ ငွေတွေထဲက ကျပ်လေးသိန်းခွဲ ထုတ်ပြီးရွှေမျိုးသားချင်းတစ်ဦးကနေတဆင့်အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာက ဘုရားလေးဌာနအတွက် ပေးပို့လှူဒါန်းစေခဲ့ပါတယ်။ဒါ့အပြင် နဂါးရုံဘုရား၊ဝိပဿနာ ရက်တစ်ရာတရားစခန်း၊မန္တလေးမြောက်ပြင်ပစ္စယံရှုပါရုံဘုန်းတော်ကြီးကျောင်းတွေမှာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ပုခန်းကျောင်း ဂေါပက လူကြီး ဦးမောင်မောင်ဆွေကပြောပြပါတယ်။ ဒါတင်မကသေးပဲ တစ်ဦးတည်းအလှူခံရရှိသမျှ ကျန်ငွေနဲ့ ကျောင်းဆောင်သစ် လှူဒါန်းလိုတဲ့အကြောင်း ပုခန်းကျောင်း ဆရာတော် ဦးပညာသာမိထံခွင့်ပြုချက်တောင်းခံလျှောက်ထားခဲ့ပါသေးတယ်။

ဆရာတော်ခွင့်ပြုချက်နဲ့ ပုခန်းဘုန်းကြီးကျောင်းအတွင်းမှာ ကျပ်သိန်းတစ်ရာကျော်နဲ့ RC ကွန်ကရစ် တစ်ထပ်ကျောင်းဆောင် သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။မြန်မာသက္ကရာဇ် ၁၃၇၈ ခုနစ် ဝါဆိုလပြည်နေ့ ဘုန်းကြီးကျောင်းဆောင်သစ်ရေစက်ချတဲ့အခါကလေးတွေနဲ့လူကြီးတွေ၊ရဟန်းသံဃာတွေနဲ့ သီလရှင် ဆရာလေးတွေ ၊ကျောင်းသား/သူတွေနဲ့ဝန်ထမ်းတွေအနီးအဝေးကစေတနာရှင်အလှူရှင်တွေဆီက၊ငါးမူးတစ်ကျပ်ကနေစတင်စုဆောင်းရရှိငွေနဲ့ ကျောင်းဆောင်သစ်လှူဒါန်း ရတာ ဖြစ်ကြောင်း ၊အလှူငွေထည့်ပေးသူအားလုံးဟာ ဆွမ်းအလှူ ရှင်တွေ ၊ ဘုရားအလှူရှင်တွေအပြင်ဘုန်းကြီးကျောင်းဆောင် သစ်အလှူရှင်တွေဖြစ်ကြောင်း၊သူ မကွယ်လွန်ခင်ပြောပြခဲ့တဲ့ အခါမှာတော့ ကြားရသူအပေါင်း အံ့သြတုန်လှုပ်မိခဲ့တယ်လို့ အနီးကပ်ပြုစုစောင့်ရှောက်သူ ဦးဇင်း(ဦးသောမ)ကပြောပြပါတယ်။

ကျောင်းဆောင်သစ်ရေစက်ချလှူဒါန်းပြီးနောက်နှစ်နစ်အကြာ အသက် ၁၀၃ နှစ်အရွယ် အဖိုးအိုဦးခင်မြင့်ဟာ ပုခန်းဘုန်းတော်ကြီး ကျောင်းမှာပဲ ကွယ်လွန်ခဲ့သွားခဲ့ပါတယ်။အဖိုအိုသေဆုံးပြီးတစ်ကျော်ကြာသည့်အခါမှာတော့တောင်းရမ်းစားသောက်သူကြီးလို့ထင်မြင်ယူဆထားသူတွေကဦးခင်မြင့်ကိုသဒ္ဒါတရားထက်သန်တဲ့ အဖိုးအို၊ဘုရားနဲ့ ဘုန်းကြီးကျောင်းအလှူရှင်ကြီးအဖိုးအို၊ ကျေးဇူးကြီးမားလှတဲ့အဖိုးအိုအဖြစ် အသိအမှတ်ပြုကာ သံဝေဂ တရားများရရှိခဲ့တယ်လို့မှတ်ချက်ပြုကြပါတော့တယ်။

crd