အေးချမ်းငြိမ့်ညောင်းတဲ့ခရစ်ယာန်ဓမ္မတေးသီချင်းများရေးသားသီဆိုလေ့ရှိတဲ့ ဆရာစောဝင်းလွင်ဟာ အတော်အများကလေးစားခြင်းခံရလောက်အောင် ထူးချွန်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။
ခရစ်ယာန်ဓမ္မတေးသံရှင်တစ်ဦးဖြစ်သလို၊ “ဟောင်းပြီ” သီချင်းမူပိုင်ရှင် တေးသံရှင် စောဝင်းလွင် ဟာ ယနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် ၁၀ နာရီက ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရပါတယ်။
မြန်မာနိုင်ငံ အနှံ့က အနုပညာရှင်များ ၊ ပရိတ်သတ်များနှင့် အခြားသောသူ့ရဲ့မိတ်ဆွေများအားလုံးက ဆရာကွယ်လွန်ခဲ့ခြင်းအပေါ်ဝမ်းနည်းပူဆွေးနေကြကြောင်း အသီးသီးဖော်ပြခဲ့ကြပါတယ်။ အရမ်းကိုထူးချွန်လွန်းတဲ့ဆရာတစ်ယောက် ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။
crd