ဗဟုသုတ

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ပိဋကတ် တစ်ပုံဆောင်နိုင်ခဲ့တဲ့ အာဂအမျိုးသမီး

၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲဘွဲ့နှင်းသဘင်ဟာထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။နှစ်ပေါင်း ၅၀ကျော်အတွင်း ပထမဦးဆုံးပိဋကတ် တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ်၃ပုံအနက်အကျယ်ဆုံးနဲ့ အခက်ဆုံးလို့ပြောလို့ရပါတယ်။အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ် သက်ဝင်ဖို့ အလွန်ခက်ပါတယ်။အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။

အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။ကျမ်းအစိတ်အပိုင်း ၁၅ပိုင်းကိုဦးစွာဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိပါတယ်။အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာသဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာ ဖြေဆိုနိုင်လို့(အဂ္ဂဝီရပဋ္ဌာနနယသာဂရဝိဓူ)ဆိုတဲ့ဘွဲ့ထူးကိုလည်းတိပိဋကဓရယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူးခဲ့ရပါတယ်။

ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအ သင်းကြီးကလည်း ဆရာမကြီးကိုချီးမြှင့်ငွေသိန်း(၁၀၀)ချီးမြှင့် ပေးအပ်ခဲ့ကြောင်းဝမ်းမြောက်ဖွယ် ကြားသိရပါတယ် ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်းဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒ ဉာဏိနီ၊အဂ္ဂ ဝီရပဋ္ဌာနနယသာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊မောင်စော(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများဖြန့်ဝေသင်ကြားလျက်ရှိပါသည်၊

ZAWGYI

၅၂ကြိမ်မြောက် အဘိဓမ္မစာတော်ပြန်ပွဲဘွဲ့နှင်းသဘင်ဟာထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။နှစ်ပေါင်း ၅၀ ကျော် အတွင်းပထမဦးဆုံးပိဋကတ်တစ်ပုံဆောင် အမျိုးသမီး တစ်ဦး ထွက်ပေါ်လာခဲ့ပါတယ်။တကယ်တော့ အဘိဓမ္မပိဋကတ်ဟာ ပိဋကတ် ၃ပုံအနက်အကျယ်ဆုံးနဲ့အခက်ဆုံးလို့ပြောလို့ရပါတယ်။အထူးသဖြင့် အာဂုံထက် သဘောရေးဖြေ စားမေးပွဲတွေဟာ ဉာဏ်သက်ဝင်ဖို့ အလွန်ခက်ပါတယ်။အဘိဓမ္မာ အထက်ပိုင်းဖြစ်တဲ့ ယမိုက် ပဋ္ဌာန်းတွေမှာ သာ၍ ခက်ခဲပါတယ်။

အဘိဓမ္မာ ရကျမ်း၊ စာအုပ်ရေ ၁၂အုပ်၊ စာမျက်နှာပေါင်း ၄၉၈ရကို အာဂုံလည်းအလွတ်ရွတ်ဖတ်နိုင်ဖို့ လိုသလို၊ သဘောရေးဖြေ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်ဖို့ လိုပါတယ်။လူပုဂ္ဂိုလ်များအဖို့ ဒါကို ဖြေခွင့်မရမီ အခြေခံ အဆင့်ကို အရင် ဖြတ်ကျော်ရပါတယ်။ကျမ်းအစိတ်အပိုင်း၁၅ပိုင်းကို ဦးစွာဖြေဆိုအောင်မြင်ပြီးကာမှ အထက်ဖော်ပြပါ စာမျက်နှာ ၄၉၈ရကို ဖြေဆိုခွင့်ရှိပါတယ်။အခြေခံအဆင့်မှာတင်ပဲ ၅နှစ် ၆နှစ် အချိန်ယူရလေ့ရှိတာမို့ အလွန်ရှည်လျားတဲ့ ဓမ္မခရီးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အထက်ပါခရီးရှည်ကြီးကို ဆရာမကြီး (ဒေါ်လှလှဝင်း)ကတော့ ပညာသဒ္ဓါ ဝီရိယတွေနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ဒီဆရာမကြီးဟာ ခက်ပေ့ဆိုတဲ့ ပဋ္ဌာန်းကျမ်း ရေးဖြေတွေမှာ ထူးချွန်စွာဖြေဆိုနိုင်လို့(အဂ္ဂဝီရ ပဋ္ဌာနနယသာဂရဝိဓူ)ဆိုတဲ့ဘွဲ့ထူးကိုလည်းတိပိဋကဓရယောဆရာတော်ဘုရားကြီးက ထပ်ဆင့် ဂုဏ်ပြုချီးကျူးခဲ့ရပါတယ်။

ဒါ့အပြင် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကလည်း ဆရာမကြီးကို ချီးမြှင့်ငွေသိန်း(၁၀၀) ချီးမြှင့်ပေးအပ်ခဲ့ကြောင်းဝမ်းမြောက်ဖွယ် ကြားသိရပါတယ် ဒါကြောင့်မို့ လူဝတ်ကြောင် အမျိုးသား အမျိုးသမီးများအဖို့ ဆရာမကြီး ဒေါ်လှလှဝင်းကို ဂုဏ်ယူ သာဓုခေါ်ပြီး အတုယူ သာသနာပြုနိုင်ပါစေကြောင်းဝမ်းမြောက်စွာ ဖော်ပြလိုက်ရပါသည်။ဒေါ်လှလှဝင်း(မဟာအာဘိဓမ္မိက ကလျာဏဉာဏဓဇ၊ မဟာအာဘိဓမမြိက အဂဂြဝိသာရဒဉာဏိနီ၊အဂ္ဂ ဝီရပဋ္ဌာနနယ သာဂရဝိဓူ)အား ဂုဏ်ပြု၍မေတ္တာဖြင့်၊မောင်စော(ဆရာမကြီးသည် ရန်ကုန်တိုင်း အလုံမြို့နယ်တွင် နေထိုင်လျက်ရှိပြီး တရားဓမ္မများဖြန့်ဝေသင်ကြားလျက်ရှိပါသည်၊

crd