ဗဟုသုတ

သေခါနီးလူကို အားပေးစကားပြောနည်း (၄) နည်း

သေခါနီးလူကို အားပေးစကား ပြောနည်း (၄) နည်း

လူတွေဟာ အနေတတ်ဖို့လိုသလို အသေတတ်ဖို့လိုသေးတယ်တဲ့။ ဒါကြောင့်မြတ်စွာဘုရားက ဒီသုတ္တန်မှာ နေမကောင်းထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်က အားပေးစကား ပြောသင့်တယ်။အကျိုးရှိလို့ပြောတာ။ အားပေးစကား ပြောရမှာ။ မြန်မာပြည်မှာ တချို့ သေငယ်ဇောနဲ့ မျောနေတဲ့လူတစ်ယောက်ကို အားပေးစကားမပြောပဲနဲ့ ဘဏ်စာအုပ် ဘယ်နားထားခဲ့လဲ လို့ မေးတယ်။

လက်ကောက်တို့ စိန်နားကပ်တို့ ဘယ်နားထားတုန်း။ သေတဲ့လူ ဖြောင့်ပါ့မလား။

ဘုန်းကြီးတွေလည်း ပျံလွန်တော်မူခါနီးရင် ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း က လာ သေးတာ။ အဲဒါ အားပေ းစကားဖြစ်ပါ့မလား။မတူဘူး။ တွန်းလွှတ်တာနဲ့ တူနေတယ်။ အဲ့ဒါမျိုး မဖြစ်သင့်ဘူး။ တကယ်က အားပေးစကား ပဲပြောရမယ်။ ဒါဖြင့် အားပေးစကားပြောရမယ် ဆိုရင် ဘယ်လိုအားပေးစကား ပြောရမလဲ ဆိုတော့ အချက် (၄) ချက် နဲ့ပြောရမယ်။ လူ ဥပသကာကို အချက် (၄) ချက်နဲ့ ပြောရမယ်။

၁။ မင်း “ဘာမှကြောက်စရာမလိုဘူး” ။ မင်းမှာ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာနဲ့ အသိဉာဏ်နဲ့ ဘုရားအပေါ်မှာယုံကြည်တဲ့သဒ္ဓါတရားတွေရှိနေတယ်။ စိတ်အေး လက်အေး နေနိုင်တယ်။ မကောင်းတဲ့ဘဝ ဘယ်တော့မှ မရောက်ဘူး။ အဲဒါတွေက ကယ်သွားလိမ့်မယ်။ ဒါလေးကို အား ကိုး။ ဘယ်လို အားပေးတာလဲ ဆိုတော့ မြေအိုးကိုခွဲ၍ ရွှေအိုးကြီးကို ရယူသလိုပဲ တဲ့။

၂။ နောက်တစ်ချက်က “ဘာမှအားမငယ်နဲ့” ။ မင်းမှာ ဓမ္မ အပေါ်မှာ ယုံကြည်တဲ့အသိဉာဏ် သက်ဝင်တဲ့ သဒ္ဓါတရာ းတွေ ရှိတယ်။ ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်။ မြတ်စွာဘုရား ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။ ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်ဟာ အားငယ်စရာ ဘာတစ်ခုမှ မရှိဘူး။ ကုသိုလ်တွေက ကြို နေကြမှာ။

ဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာ ဖြူစင်ပြီးတော့ကုသိုလ်တွေကကိုယ့်ကို ကြိုနေကြမှာ။ ကောင်းတာတွေ လုပ်တဲ့ အချိန်က စပြီးတော့ နှလုံးသွင်းလိုက်မယ် ဆိုရင် စိတ်ဟာ ကြည်နူးဖွယ်ဖြစ်တယ်။

၃။ နောက်တစ်ခု အားပေးစကား က “ဘာမှ မပူနဲ့၊ စိတ်ထဲမှာ အားတင်းထား”။ မင်းမှာ ကိုယ်ကျင့် တရားတွေရှိနေတယ်။ ငါးပါးသီလ ဘယ်တော့မှမဖောက်ဖျ က်ဘူး။ လုံခြုံတယ်။ ဟိုတုန်းက မလုံခြုံတောင် ခုဆောက် တည်လိုက်ရင် လုံခြုံသွားပြီ။ ဟိုတုန်းကမလုံခဲ့လို့ ခု အိပ်ယာထဲလှဲနေချိန်မှာ ငါးပါးသီလ ဖောက် ဖျက်တာ ရှိသေးလား။ ကိုယ်မှ သေငယ်ဇောနဲ့ မျောနေတာ။ ခြင်လေးတွေ ဘာတွေ သတ်ဦး မလား။

စိတ် ဟာ မကောင်းတာတွေနဲ့ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတာတွေလုပ်တဲ့ အချိန်ကစပြီး ဆောက်တည်လိုက်မယ်ဆိုရင် စိတ်ဟာ ကြည်နူးဖွယ်ဖြစ်တယ်။ ကိုယ့် သီလလေးကို အာရုံပြု။တစ်ချိန်တစ်ခါတုန်းက ငါးပါးသီလ ချိုးဖောက်ခဲ့ပေမဲ့လို့ ဒီအချိန်မှာ မချိုးဖောက်ဘူးလို့ နှလုံးသွင်း လိုက်မယ် ဆိုရင် နှလုံး သွင်းလိုက်တာနဲ့ ချက်ချင်း ကုသိုလ် က ဖြစ်လာတာ။

၄။ ဘာဆက်ပြောရမလဲဆိုတော့ လူတွေဆိုတာ အတွယ် အတာ လေး တွေ ရှိတတ်တယ်။ ဥပမာ – မိဘတွေဆိုရင် သားသမီးတွေအပေါ်မှာ တွယ်တာတယ်။ အိမ် ထောင်ဦးစီး တွေဆိုရင် သား၊မယား တွေအပေါ်မှာ တွယ်တာတယ်။

အဲဒီအခါ ကျရင်ပြောတဲ့။ မိဘတွေအပေါ်မှာတွယ်တာသလား၊မတွယ်တာဘူးလားဆိုတဲ့ စိတ်ရှိသလား၊မရှိဘူးလားမေးတဲ့။ ရှိနေသေးတယ်ဆိုရင် အဲဒီ တွယ်တာ တဲ့စိတ်ကို မထားပါနဲ့ တဲ့။ သတ္တဝါ ဆိုတာ ကိုယ့် ကံနဲ့ ကိုယ် လာတာ။ တွယ်တာပြီးတော့ မနေပါနဲ့တဲ့။ တွယ် တာ နေလဲ သေမှာပဲ။ မတွယ်တာနေလဲ သေမှာပဲတဲ့။ သေမှာ အတူတူတော့ တွယ်မနေပါနဲ့လို ပြောရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original

(Zawgyi)

” သေခါနီးလူကို အားပေးစကား ပြောနည်း (၄) နည်း ”

လူတွေဟာ အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ် တဲ့။ ဒါကြောင့် မြတ်စွာဘုရားက ဒီသုတ္တန်မှာ နေမကောင်း ထိုင်မသာဖြစ်ပြီးတော့ ရောဂါဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပညာရှိတဲ့ မိတ်ဆွေတစ်ယောက်ကအားပေးစကားပြောသင့်တယ်။အကျိုးရှိလို့ပြောတာ။အားပေးစကား ပြောရမှာ။ မြန်မာပြည်မှာ တချို့ သေငယ်ဇောနဲ့ မျောနေတဲ့လူတစ်ယောက်ကို အားပေးစကားမပြောပဲနဲ့ ဘဏ်စာအုပ် ဘယ်နားထားခဲ့လဲ လို့ မေးတယ်။

လက်ကောက်တို့ စိန်နားကပ်တို့ ဘယ်နားထားတုန်း။ သေတဲ့လူ ဖြောင့်ပါ့မလား။

ဘုန်းကြီးတွေလည်း ပျံလွန်တော်မူခါနီးရင် ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း က လာ သေးတာ။ အဲဒါ အားပေးစကားဖြစ်ပါ့မလား။ မတူဘူး။ တွန်းလွှတ်တာနဲ့ တူနေတယ်။ အဲ့ဒါမျိုး မဖြစ်သင့်ဘူး။ တကယ်က အားပေးစကား ပဲပြောရမယ်။ ဒါဖြင့်အားပေးစကားပြောရမယ်ဆိုရင် ဘယ်လိုအားပေးစကား ပြောရမလဲ ဆိုတော့ အချက် (၄) ချက် နဲ့ပြောရမယ်။ လူ ဥပသကာကို အချက် (၄) ချက်နဲ့ ပြောရမယ်။

၁။ မင်း “ဘာမှကြောက်စရာမလိုဘူး” ။ မင်းမှာ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာနဲ့ အသိဉာဏ် နဲ့ ဘုရားအပေါ်မှာ ယုံကြည်တဲ့ သဒ္ဓါတရား တွေရှိနေတယ်။ စိတ်အေး လက်အေး နေနိုင်တယ်။ မကောင်းတဲ့ဘဝ ဘယ်တော့မှ မရောက်ဘူး။ အဲဒါတွေက ကယ်သွားလိမ့်မယ်။ ဒါလေးကို အားကိုး။ ဘယ်လို အားပေးတာလဲ ဆိုတော့ မြေအိုးကိုခွဲ၍ ရွှေအိုးကြီးကို ရယူသလိုပဲ တဲ့။

၂။ နောက်တစ်ချက်က “ဘာမှအားမငယ်နဲ့” ။ မင်းမှာ ဓမ္မ အပေါ်မှာ ယုံကြည်တဲ့အသိဉာဏ် သက်ဝင်တဲ့ သဒ္ဓါတရာ းတွေ ရှိတယ်။ ဓမ္မကို နှစ်နှစ်ကာကာ ယုံကြည်တယ်။ မြတ်စွာဘုရား ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။ ကုသိုလ်ကောင်းမှု လုပ်တဲ့ ပုဂ္ဂိုလ်ဟာ အားငယ်စရာ ဘာတစ်ခုမှ မရှိဘူး။ ကုသိုလ်တွေက ကြို နေကြမှာ။

ဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာဖြူစင်ပြီးတော့ ကုသိုလ်တွေက ကိုယ့်ကိုကြိုနေကြမှာ။ ကောင်းတာတွေ လုပ်တဲ့ အချိန်က စပြီးတော့ နှလုံးသွင်းလိုက်မယ် ဆိုရင် စိတ်ဟာ ကြည်နူးဖွယ်ဖြစ်တယ်။

၃။ နောက်တစ်ခု အားပေးစကားက “ဘာမှ မပူနဲ့၊ စိတ်ထဲမှာအားတင်းထား”။ မင်းမှာကိုယ်ကျင့်တရားတွေရှိနေတယ်။ ငါးပါးသီလ ဘယ်တော့မှမဖောက်ဖျက်ဘူး။ လုံခြုံတယ်။ ဟိုတုန်းက မလုံခြုံတောင် ခု ဆောက်တည်လိုက်ရင် လုံခြုံသွားပြီ။ ဟိုတုန်းက မလုံခဲ့လို့ ခု အိပ်ယာထဲလှဲနေချိန်မှာ ငါးပါးသီလ ဖောက်ဖျက်တာ ရှိသေးလား။ ကိုယ်မှ သေငယ်ဇောနဲ့ မျောနေတာ။ ခြင်လေးတွေ ဘာတွေ သတ်ဦး မလား။

စိတ် ဟာ မကောင်းတာတွေနဲ့ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတာတွေလုပ်တဲ့ အချိန်ကစပြီး ဆောက်တည်လိုက်မယ်ဆိုရင် စိတ်ဟာ ကြည်နူးဖွယ်ဖြစ်တယ်။ ကိုယ့် သီလလေးကို အာရုံပြု။တစ်ချိန်တစ်ခါတုန်းက ငါးပါးသီလ ချိုးဖောက်ခဲ့ပေမဲ့လို့ ဒီအချိန်မှာ မချိုးဖောက်ဘူးလို့ နှလုံးသွင်း လိုက်မယ် ဆိုရင် နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း ကုသိုလ် က ဖြစ်လာတာ။

၄။ ဘာဆက်ပြောရမလဲဆိုတော့ လူတွေဆိုတာ အတွယ်အတာ လေး တွေ ရှိတတ်တယ်။ ဥပမာ – မိဘတွေဆိုရင် သားသမီးတွေ အပေါ်မှာ တွယ်တာတယ်။ အိမ်ထောင်ဦးစီး တွေဆိုရင် သား၊မယား တွေအပေါ်မှာ တွယ်တာတယ်။

အဲဒီအခါ ကျရင်ပြောတဲ့။ မိဘတွေ အပေါ်မှာ တွယ်တာသလား၊ မတွယ်တာဘူးလား ဆိုတဲ့ စိတ်ရှိသလား၊ မရှိဘူးလား မေးတဲ့။ ရှိနေ သေးတယ် ဆိုရင် အဲဒီ တွယ်တာ တဲ့စိတ်ကို မထားပါနဲ့ တဲ့။ သတ္တဝါ ဆိုတာ ကိုယ့် ကံနဲ့ ကိုယ် လာတာ။ တွယ်တာပြီးတော့ မနေပါနဲ့တဲ့။ တွယ်တာ နေလဲသေမှာပဲ။ မတွယ်တာနေလဲ သေမှာပဲတဲ့။ သေမှာ အတူတူတော့ တွယ်မနေပါနဲ့လို ပြောရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original