Local News

ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့ဖြစ်ရပ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား)

ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား)

အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သာနေထိုင်ကျက်စားတဲ့ ငှက်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိကမြင်တွေ့ရတဲ့ ငှက်အမျိုးအစားဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့မှာတော့ ထူးထူးခြားခြားရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေးခေါင်မိုးပေါ်မှာ အောက်ချင်းငှက်အုပ်လိုက်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တချို့ကလည်းဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ဒေသကနေ ရန်ကုန်မြို့ကိုလာတာလို့ပြောပေမယ့် အောက်ချင်းငှက်ဟာဆောင်းခိုတဲ့ ငှက်အမျိုးအစားမဟုတ်ပါဘူး။

ပြီးတော့အောက်ချင်းငှက်သဘာဝအရ ယခုလိုဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့ထိပ်ဖျားမှာ အသိုက်လုပ်ပြီးဥဝပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ သိမ်ကြီးဈေးအပေါ်မှာ အောက်ချင်းငှက်တွေရောက်နေတာဟာ ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆသုံးသပ်နိုင်တယ်လို့နိမိတ်ပညာရှင်များက ခန့်မှန်းကြပါတယ်။

အတိတ်နိမိတ်ပြခြင်းဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာရှေးကတည်းကတည်ရှိခဲ့ပြီးအယူတော်မင်္ဂလာဦးနိုးတို့လိုနိမိတ်ကောက်ပညာရှင်တွေအများအပြားပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့တဘောင်များ အများအပြားပေါ်ထွက်နေပြီး“နဂါးတပ်မင်းပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့်ယခုသိမ်ကြီးဈေးကို အောက်ချင်းငှက်ဆင်းတာကလည်းတမူထူးခြားတဲ့ဖြစ်ရပ်ရဲ့ ရှေ့ပြေးဖြစ်တဲ့အတိတ်နိမိတ် လို့ပဲသုံးသပ်မိပြီးဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ နိမိတ်အကြောင်းနှံ့စပ်သူများ ပြောပြပေးစေလိုပါတယ်။ သာမန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုတော့ ကျိန်းသေဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

credit

ရန်ကုန်သိမ်ကြီးဈေးကို အောက်ချင်းငှက်အုပ်ကြီး လာနားတဲ့အဖြစ် (အတိတ်ကောင်း၊ နိမိတ်ကောင်းလား)

အောက်ချင်းငှက်ဆိုတာ မြန်မာပြည်ရဲ့ချင်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာသာ နေထိုင်ကျက်စားတဲ့ ငှက်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာပဲ အဓိကမြင်တွေ့ရတဲ့ ငှက်အမျိုးအစားဖြစ်ပါတယ်။

ဒါပေမယ့်ယနေ့မှာတော့ ထူးထူးခြားခြားရန်ကုန်မြို့လယ်ခေါင် သိမ်ကြီးဈေးခေါင်မိုးပေါ်မှာ အောက်ချင်းငှက်အုပ်လိုက်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တချို့ကလည်းဆောင်းခိုတဲ့အနေနဲ့ အေးမြတဲ့ဒေသကနေ ရန်ကုန်မြို့ကိုလာတာလို့ပြောပေမယ့် အောက်ချင်းငှက်ဟာဆောင်းခိုတဲ့ ငှက်အမျိုးအစားမဟုတ်ပါဘူး။

ပြီးတော့အောက်ချင်းငှက်သဘာဝအရ ယခုလိုဇန်နဝါရီလဆိုတာ သစ်ပင်အမြင့်တွေရဲ့ထိပ်ဖျားမှာ အသိုက်လုပ်ပြီးဥဝပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ သိမ်ကြီးဈေးအပေါ်မှာ အောက်ချင်းငှက်တွေရောက်နေတာဟာ ထူးခြားတဲ့ အတိတ်နိမိတ်လို့ပဲ ယူဆသုံးသပ်နိုင်တယ်လို့ နိမိတ်ပညာရှင်များက ခန့်မှန်းကြပါတယ်။

အတိတ်နိမိတ်ပြခြင်းဆိုတာ မြန်မာလူ့အဖွဲ့အစည်းမှာရှေးကတည်းကတည်ရှိခဲ့ပြီးအယူတော်မင်္ဂလာဦးနိုးတို့လိုနိမိတ်ကောက်ပညာရှင်တွေအများအပြားပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း မြန်မာပြည်မှာ အတိတ်နိမိတ်နဲ့တဘောင်များ အများအပြားပေါ်ထွက်နေပြီး“နဂါးတပ်မင်းပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မယ်” ဆိုတဲ့တဘောင်ကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့်ယခုသိမ်ကြီးဈေးကို အောက်ချင်းငှက်ဆင်းတာကလည်း တမူထူးခြားတဲ့ဖြစ်ရပ်ရဲ့ ရှေ့ပြေးဖြစ်တဲ့အတိတ်နိမိတ်လို့ပဲသုံးသပ်မိပြီးဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ နိမိတ်အကြောင်းနှံ့စပ်သူများ ပြောပြပေးစေလိုပါတယ်။ သာမန်မဟုတ်တဲ့ဖြစ်ရပ်တစ်ခုတော့ ကျိန်းသေဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

credit to original